ကုန်သွယ်ရေးစာချုပ် ချုပ်

December 30, 2020

ဗြိတိန်နှင့်တူရကီ လွတ်လပ်သည့်ကုန်သွယ်ရေးစာချုပ် ချုပ်

ဥရောပသမဂ္ဂ(အီးယူ)ကနေ ဗြိတိန် တရားဝင် နုတ်မထွက်ခင် ရက်ပိုင်းအလိုမှာပဲ ဒီဇင်ဘာ ၂၉ ရက်က တူရကီနဲ့ ဗြိတိန်တို့ဟာ  လွတ်လပ်သောကုန်သွယ်ရေးစာချုပ်ကို လက်မှတ်ထိုးခဲ့ ပါတယ်။ ဗွီဒီယိုကွန့်ဖရင့် ဖုန်းခေါ်ဆိုမှုအတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးတွေ သဘောတူညီချက် လက်မှတ်ထိုးခဲ့တာပါ။ နှစ်ကုန်လို့ လက်ရှိသဘောတူညီချက် သက်တမ်းကုန်ဆုံးတာနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစလို့ အဲဒီ သဘောတူညီချက် စတင် အသက်ဝင်မယ်လို့ တူရကီ ကုန်သွယ်ရေးဝန်ကြီး ရူဆာပစ်ကျန်က ပြောပါတယ်။  တူရကီနဲ့ ဗြိတိန်အကြား  ၂၀၁၉ ခုနှစ်က နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးဟာ ၁၈ ဒသမ ၆  ဘီလီယံပေါင် ရှိတယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။ 
10 months Ago
Up