ကုန်သွယ်ရေးစစ်ပွဲ

August 25, 2019

တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲ အမေရိကန် နိုင်မည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်ပြော

တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်က နိုင်မယ်လို့ ယုံကြည်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၂၃ ရက်မှာ ပြောပါတယ်။ တရုတ်ကနေ အမေရိကန်ဆီ တင်ပို့မယ့် ဒေါ်လာ ၅၅၀ ဘီလီယံ တန်ဖိုးရှိတဲ့ ကုန်စည်တွေအပေါ် ထပ်ဆောင်းခွန် တိုးကောက်မယ့် အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ဆန့်ကျင်တယ်လို့ တရုတ်အစိုးရက သြဂုတ် ၂၄ ရက်မှာ ပြောပါတယ်။ အခြေအနေကို လွဲလွဲမှားမှား သုံးသပ်တာ ရပ်တန့်ဖို့နဲ့ တကယ်လို့ မှားယွင်းတဲ့ လုပ်ရပ်တွေကို မရပ်ခဲ့ရင် နောက်ဆက်တွဲ ဖြစ်ရပ်တွေကို ရင်ဆိုင်ရမယ်လို့ တရုတ်က အမေရိကန်ကို သတိပေးခဲ့ပါတယ်။ တရုတ်က ကုန်သွယ်ရေးစစ်ပွဲကို အဆုံးစွန်ထိ ဆက်တိုက်သွားမယ် နောက်ဆုံးမှာ ရပ်နိုင်လိမ့်မယ်လို့လည်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားတယ်လို့ ဆောက်သ်ချိုင်းနား မောနင်းပို့စ် သတင်းစာက ဖော်ပြပါတယ်။ တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံဖိုး အမေရိကန်ကနေ တင်ပို့ကုန်တွေအပေါ် ထပ်ဆောင်းခွန် ကောက်ခံမယ်လို့ ကြေညာအပြီး နာရီပိုင်းအတွင်းမှာပဲ အမေရိကန်က တရုတ်ကုန်စည်တွေအပေါ် ထပ်ဆောင်းခွန် ၅ ရာခိုင်နှုန်း တိုးကောက်ဖို့ သတ်မှတ်လိုက်တာပါ။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး စစ်ပွဲကို ပိုပြီး အရှိန်မမြှင့်ဖို့ အမေရိကန် သမ္မတကို G7 ထိပ်သီးညီလာခံနဲ့ ဆက်စပ် ဆွေးနွေးပွဲအတွင်းမှာ ပြောမယ်လို့ CNN သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version တ႐ုတ္ႏွင့္ ကုန္သြယ္ေရးစစ္ပြဲ အေမရိကန္ ႏိုင္မည္ဟု ယုံၾကည္ေၾကာင္း သမၼတထရမ့္ေျပာ တ႐ုတ္နဲ႔ ကုန္သြယ္ေရးစစ္ပြဲမွာ အေမရိကန္က ႏိုင္မယ္လို႔ ယုံၾကည္တယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ၾသဂုတ္ ၂၃ ရက္မွာ ေျပာပါတယ္။ တ႐ုတ္ကေန အေမရိကန္ဆီ တင္ပို႔မယ့္ ေဒၚလာ ၅၅၀ ဘီလီယံ တန္ဖိုးရွိတဲ့ ကုန္စည္ေတြအေပၚ ထပ္ေဆာင္းခြန္ တိုးေကာက္မယ့္ အေမရိကန္ အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ကို ခိုင္ခိုင္မာမာ ဆန႔္က်င္တယ္လို႔ တ႐ုတ္အစိုးရက ၾသဂုတ္ ၂၄ ရက္မွာ ေျပာပါတယ္။ အေျခအေနကို လြဲလြဲမွားမွား သုံးသပ္တာ ရပ္တန႔္ဖို႔နဲ႔ တကယ္လို႔ မွားယြင္းတဲ့ လုပ္ရပ္ေတြကို မရပ္ခဲ့ရင္ ေနာက္ဆက္တြဲ ျဖစ္ရပ္ေတြကို ရင္ဆိုင္ရမယ္လို႔ တ႐ုတ္က အေမရိကန္ကို သတိေပးခဲ့ပါတယ္။ တ႐ုတ္က ကုန္သြယ္ေရးစစ္ပြဲကို အဆုံးစြန္ထိ ဆက္တိုက္သြားမယ္ ေနာက္ဆုံးမွာ ရပ္ႏိုင္လိမ့္မယ္လို႔လည္း တ႐ုတ္ ကာကြယ္ေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ထးားတယ္လို႔ ေဆာက္သ္ခ်ိဳင္းနား ေမာနင္းပို႔စ္ သတင္းစာက ေဖာ္ျပပါတယ္။ တ႐ုတ္အစိုးရက အေမရိကန္ေဒၚလာ ၇၅ ဘီလီယံဖိုး အေမရိကန္ကေန တင္ပို႔ကုန္ေတြအေပၚ ထပ္ေဆာင္းခြန္ ေကာက္ခံမယ္လို႔ ေၾကညာအၿပီး နာရီပိုင္းအတြင္းမွာပဲ အေမရိကန္က တ႐ုတ္ကုန္စည္ေတြအေပၚ ထပ္ေဆာင္းခြန္ ၅ ရာခိုင္ႏႈန္း တိုးေကာက္ဖို႔ သတ္မွတ္လိုက္တာပါ။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္က အေမရိကန္နဲ႔ တ႐ုတ္ၾကား ကုန္သြယ္ေရး စစ္ပြဲကို ပိုၿပီး အရွိန္မျမႇင့္ဖို႔ အေမရိကန္ သမၼတကို G7 ထိပ္သီးညီလာခံနဲ႔ ဆက္စပ္ ေဆြးေႏြးပြဲအတြင္းမွာ ေျပာမယ္လို႔ CNN သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။
4 years Ago
Up