ကုန်သွယ်ရေကြောင်းအင်အားကြီးနိုင်ငံဖြစ်စေရန် မြန်မာရေကြောင်းညီလာခံကျင်းပ

November 6, 2019

ကုန်သွယ်ရေကြောင်းအင်အားကြီးနိုင်ငံဖြစ်စေရန် မြန်မာရေကြောင်းညီလာခံကျင်းပ

နိုင်ငံတကာ ပင်လယ်ရေကြောင်းလုပ်ငန်းနဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ငန်းဆိုင်ရာပြပွဲနဲ့ မြန်မာရေကြောင်းညီလာခံကို နိုဝင်ဘာ ၆ ရက်ကနေ ၇ ရက်အထိ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ရေကြောင်းကုန်သွယ်ရေးအခန်းကဏ္ဍ အရှိန်မြှင့် တိုးတက်စေဖို့နဲ့ ကုန်သွယ် ရေကြောင်းအင်အားကြီးနိုင်ငံ ဖြစ်လာစေဖို့အတွက် မြန်မာရေကြောင်းညီလာခံကို  ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။ ကုန်သွယ်ရေကြောင်းနဲ့ပတ်သက်တဲ့ ဥပဒေရေးရာ၊ စီးပွားရေးနဲ့ ပတ်သတ်တဲ့ ထိန်းသိမ်းရေး ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေကြောင်းဘက်ဆိုင်ရာ သင်တန်းတွေနဲ့ လုပ်ငန်းခွင်တွေမှာ မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုပေါ်ထွက်လာရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံတကာ ပင်လယ်ရေကြောင်းလုပ်ငန်းနဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ငန်းဆိုင်ရာပြပွဲမှာ သင်္ဘောအင်ဂျင်၊  ဆက်သွယ်ရေးကိရိယာ၊ သင်္ဘောနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဆိုင်ရာကုမ္ပဏီတွေ လာရောက် ပြသနေကြပါတယ်။  နူးရာ
2 years Ago
Up