ကုန်သွယ်မှုသဘောတူစာချုပ်

A d v e r t i s e m e n t With Us

November 22, 2020

ဗြိတိန်နှင့်ကနေဒါကြား ကုန်သွယ်မှုသဘောတူစာချုပ် ချုပ်

ဥရောပသမဂ္ဂ EU ကနေ ဗြိတိန်နုတ်ထွက်အပြီး ဗြိတိန်နဲ့ ကနေဒါတို့ကြား ကုန်စည်နဲ့ ဝန်ဆောင်မှု အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံဖိုး ကုန်စည်စီးဆင်းမှုအတွက် ကုန်သွယ်ရေး သဘော တူညီချက်ကို နိုဝင်ဘာ ၂၁ ရက်က လက်မှတ်ရေးထိုးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ EU ကနေ နုတ်ထွက်အပြီး ကုန်သွယ်ရေးကို ဆက်လက် ထိန်းသိမ်းဖို့ အပြန်အလှန် သဘော တူညီချက် အတော်များများကို ရရေး ဗြိတိန်က ပြင်ဆင်ညှိနှိုင်း နေတာပါ။   ကနေဒါ ခေါင်းဆာင် ဂျပ်စတင် ထရူဒူနဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်တို့ဟာ သူတို့ရဲ့ ကုန်သွယ်ရေးဝန်ကြီးတွေနဲ့အတူ သဘောတူညီချက်အတွက် အွန်လိုင်းညီလာခံမှာ ဆွေးနွေးခဲ့ပါတယ်။  ဒစ်ဂျစ်တယ် ကုန်သွယ်ရေး၊ အသေးစား စီးပွားရေးလုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ အမျိုးသမီးတွေရဲ့ စီးပွားရေး စွမ်းရည်စတဲ့ နယ်ပယ်အတော်များများကို ခြုံငုံမိစေတဲ့ သဘောတူ ညီချက်တွေအတွက် လမ်းဖောက်ပေးခဲ့ပါတယ်။  ဗြိတိန်ဟာ ကနေဒါအတွက် ပဉ္စမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံပါ။  EU အဖွဲ့ဝင်နိုင်ငံ ဖြစ်တုန်းကထက် ပိုကောင်းတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ရနိုင်တဲ့ ပုံစံသစ်ကို ပုံဖော်ဖို့ ဝန်ကြီးချုပ် ဂျွန်ဆင်က ကြိုးစားနေတာပါ။  အချိန် ၂ နှစ်မတိုင်ခင်မှာ ဗြိတိန်ဟာ အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၈၂ ဘီလီယံဖိုး ရတဲ့အထိ နိုင်ငံပေါင်း ၅၃ နိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ရပြီးနေပြီလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ 
2 months Ago
Up