ကုန်သေတ္တာ ဆေးရုံခုတင်

December 11, 2020

ကိုရီးယားတွင် ကိုဗစ်-၁၉ ကူးစက်မှုတိုးလာသဖြင့် ကုန်သေတ္တာ ဆေးရုံခုတင်များ တည်ဆောက်

တောင်ကိုရီးယားမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာပြီး ဆေးရုံတွေ မနိုင်မနင်းဖြစ်မှာကို  ကူညီတဲ့အနေနဲ့  ဒီဇင်ဘာ ၁၀ ရက်က အာဏာပိုင်တွေဟာ သင်္ဘော ကုန်သေတ္တာတွေထဲမှာ ဆေးရုံခုတင်တွေ ထည့်သွင်းတည်ဆောက်နေ ပါတယ်။  ကူးစက်မှု တကျော့ပြန် ခေါင်းထောင် လာတာကြောင့် ဆေးရုံခုတင်မလောက်ငမှာကို စိုးရိမ်တာတွေ ပြန်ဖြစ်လာပြီး ဆိုးလ်မြို့မှာ ပထမဆုံးအကြိမ် ကုန်သေတ္တာ ဆေးရုံခုတင်တွေ စတည်ဆောက်နေပါတယ်။  ကျန်းမာရေးအာဏာပိုင်တွေက ဆိုးလ်မြို့ဧရိယာရဲ့ နေရာ ၁၅၀ လောက်မှာ ယာယီစခန်းတွေ လုပ်ပြီး ကိုဗစ်-၁၉ စစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။  ဒီသီတင်းပတ်အတွင်း တင်းကျပ်တဲ့ ခပ်ခွာခွာနေရေး စည်းမျဉ်းတွေ စတင်သက်ရောက်ပေမဲ့ ဒီဇင်ဘာ ၁၀ ရက်က ကိုဗစ်-၁၉ ရောဂါ အသစ်ကူးစက်သူ ၆၈၂ ယောက် ရှိခဲ့ပါတယ်။  ဒါဟာ  တောင်ကိုရီးယားမှာ ပထမဆုံး ကိုဗစ်-၁၉ လူနာစတွေ့တဲ့  ဇန်နဝါရီနောက်ပိုင်း ဒုတိယ အများဆုံး အရေအတွက်ဖြစ်တယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေး အေဂျင်စီ (KDCA)က ဆိုပါတယ်။  တောင်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၀,၀၀၀ ကျော်နဲ့  သေဆုံးသူ ၅၆၄ ဦး ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ 
1 year Ago
Up