ကုန်သေတ္တာတင်သင်္ဘေ

March 25, 2021

စူးအက်တူးမြောင်းတွင် ကုန်သေတ္တာတင်သင်္ဘောကြောင့် အသွားအလာပိတ်ဆို့

ကမ္ဘာ့အရေးပါဆုံးရေကြောင်းလမ်းတစ်ခုဖြစ်တဲ့ စူးအက်တူးမြောင်းမှာ မတ် ၂၃ ရက်က  ကွန်တိန်နာသင်္ဘောတစ်စီး သောင်ငြိနေတာမို့  သင်္ဘောအသွားအလာပိတ်ဆို့နေပါတယ်။ 

The Ever Given ဆိုတဲ့ ကွန်တိန်နာသင်္ဘောဟာ ပင်လယ်နီကနေ မြေထဲပင်လယ်ကို သွားတဲ့လမ်းကြောင်းမှာ  သောင်ငြိခဲ့တယ်လို့ GAC ဆိပ်ကမ်းအေးဂျင့်တွေက ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

သင်္ဘောနောက်က နောက် သင်္ဘော ၁၅- စီးဟာလည်း ကျောက်ချ ရပ်နားခဲ့ရပြီး တူးမြောင်း လမ်းကြောင်းရှင်းတာကို စောင့်ဆိုင်းနေတယ်လို GAC က ဆိုပါတယ်။ 

သောင်ငြိနေတဲ့ တန်ချိန် နှစ်သိန်း ကွန်တိန်နာသင်္ဘောကို ဆွဲသင်္ဘော ၇ စီး နဲ့ ကူညီနေပါတယ်။

The Ever Given ကွန်တိန်နာ သင်္ဘောကြီးဟာ မီတာ ၄၀၀ ရှည်လျားပြီး ၅၉ တာ ကျယ်ကာ ပေ ၂၀ သင်္ဘောကွန်တိန်နာ အလုံးပေါင်း ၂၀၀၀၀ အထိ တင်ဆောင်နိုင်တယ်လို့ ရိုက်တာအရ သိရပါတယ်။

8 months Ago
Up