ကုန်သင်္ဘောသားများ

September 30, 2020

ကိုဗစ်-၁၉ ကူးစက်ခံနေရသည့် ဂျာမန်ကုန်သင်္ဘောသားများထံ ဩစတြေးလျတပ်ဖွဲ့ စေလွှတ်

ဂျာမန်ကုမ္ပဏီပိုင် ကုန်သင်္ဘောတစ်စင်းပေါ်မှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေတာကို ကူညီ ထိန်းချုပ်ဖို့အတွက် စက်တင်ဘာ ၂၈ ရက်က သြစတြေးလျတပ်ဖွဲ့ဝင်တွေကို ဟက်ဒ်လန်း ဆိပ်ကမ်းဆီ စေလွှတ်လိုက်ပါတယ်။ အွန်းဒေါ့ဖ် ကုန်သင်္ဘောပေါ်က အမှုထမ်း ၂၁ ယောက်အနက် ၁၇ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိတယ်လို့ သင်္ဘောပိုင်ရှင်က သတင်းထုတ်ပြန်ခဲ့တာပါ။ သင်္ဘောသား ၁၂ ယောက်ကို ဟိုတယ်မှာ အသွားအလာ ကန့်သတ်တဲ့ ကွာရန်တင်း ပို့ထားပြီး ကျန်ကူးစက်ခံ ၇ ယောက်ကတော့ မဖြစ်မနေ ကျန်ရစ်ရမယ့် အမှုထမ်းတွေဖြစ်လို့ သင်္ဘောပေါ် မှာ ကျန်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။  ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာဆိပ်ကမ်းမှာ သင်္ဘောသား အလဲအလှယ် လုပ်ခဲ့ပြီး ဖိလစ်ပိုင်က မထွက်ခင် သင်္ဘောသားအားလုံးကို ပိုးစစ်ရာမှာ ပိုးမတွေ့ဘူးလို့လည်း အွန်းဒေါ့ဖ်ကုမ္ပဏီက ဆိုပါတယ်။ လောလောဆယ် သင်္ဘောကို သြစတြေးလျ အနောက်မြောက်ပိုင်းကမ်းရိုးတန်းက ဟက်ဒ်လန်းဆိပ်ကမ်းမှာ ကျောက်ချထားပြီး ကိုရိုနာဗိုင်းရပ်စ် ကူညီထိန်းချုပ်ဖို့ တပ်ဖွဲ့ဝင် ၁၀ ယောက်အထိ ချထားဖို့ မျှော်လင့်ရတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
7 months Ago
Up