ကုန်လှောင်ရုံပေါက်ကွဲ

November 25, 2021

ဆားဘီးယားတွင် ဒုံးကျည်အင်ဂျင်များထားသည့် ကုန်လှောင်ရုံပေါက်ကွဲပြီး ၂ ဦး သေဆုံး

ဆားဘီးယားနိုင်ငံ ဘယ်လ်ဂရိတ်နယ်စပ်အနားက တာဘိုဂျက်လေယာဉ်တွေနဲ့ ဒုံးကျည်အင်ဂျင်တွေ ထုတ်လုပ်တဲ့ အီးဒီးပရိုကုမ္ပဏီရဲ့ ကုန်လှောင်ရုံမှာ နိုဝင်ဘာ ၂၃ ရက်က ပေါက်ကွဲခဲ့တာကြောင့် လူ ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရတယ်လို့ အရေးပေါ် တုံ့ပြန် ကယ်ဆယ်ရေး သမားတွေက ပြောပါတယ်။

ဒုံးကျည်အင်ဂျင် အလုံး ၅၀၀ ရှိတဲ့ ကုန်လှောင်ဧရိယာထဲမှာ ပေါက်ကွဲခဲ့ပေမယ့် မီးသတ်သမားတွေက မီးကို အောင်အောင်မြင်မြင် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်အကြီးအကဲ မီလို့စ် မက်ဂျ်စတိုရိုဗစ်ချ်က ပြောပါတယ်။

၂၀၀၈ ခုနှစ်ကလည်း ဒီကုမ္ပဏီမှာပဲ ပေါက်ကွဲမှု ဖြစ်ခဲ့လို့ လူ ၃ ယောက် ဒဏ်ရာရခဲ့ဖူးပါတယ်။

2 months Ago
Up