ကုန်တိုက်ကြီးများ

March 22, 2020

ဘန်ကောက်ရှိ ကုန်တိုက်ကြီးများ အပါအဝင် လူစည်ကားရာနေရာများ ယာယီပိတ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ ကုန်တိုက်ကြီးတွေ အပါအဝင် လူအများ စုဝေးစည်ကားရာ နေရာတွေကို မတ် ၂၂ ရက်နေ့ကစပြီး ဧပြီ ၁၂ ရက်နေ့ထိ ယာယီပိတ်ထားတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။  ဘန်ကောက်မှာ ကိုရိုနာဗိုင်းရပ်ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ကူးစက်ရောဂါ ကာကွယ်ရေးကော်မတီအစည်းအဝေးကနေ အမျိုးအစားပေါင်း ၁၉ ခုက နေရာတွေကို ယာယီပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဘန်ကောက်မြို့တော်ဝန် နိုင်းအဆတ်ခ်ဝင်း ခွမ်မိုင်းက သတင်းထောက်တွေကို ပြောပါတယ်။  အဆိုပါအမျိုးအစားပေါင်း ၁၉ ခုမှာ အနှိပ်ခန်းတွေ၊ ကိုယ်အလေးချိန် ထိန်းသိမ်းလေ့ကျင့်တဲ့ နေရာတွေ၊ တိရိစ္ဆာန်အမွေးညှပ် ရေချိုးဆိုင်တွေ၊ အလှပြင်ဆိုင်တွေ၊ အလှအပပြုပြင်ရေး ဆေးခန်းတွေ၊ ဘိုရင်းပစ် ဂိမ်းကစားရာ နေရာတွေ၊ ကွန်ပျူတာဆိုင်တွေ၊ ဂေါက်ကွင်း၊ ရေကူးကန်တွေ၊ ဆေးမင်ကြောင်ထိုးဆိုင်တွေ၊ ကလေးထိန်းကျောင်းတွေ၊ လူအိုများအား အိမ်တိုင်ရာရောက် လိုက်လံပြုစုသည့်ဝန်ဆောင်လုပ်ငန်း၊  ဘုရားပူဇော်တဲ့ နေရာတွေ၊ ကြက်တိုက်ကစားဝိုင်း၊ အစည်းအဝေးနဲ့ ပြခန်းပြုလုပ်နေရာ၊ ကုန်တိုက်ကြီးတွေ၊ (စူပါမားကက် မပါ)၊ စာသင်ကျောင်း၊ ကျူရှင်ခန်းနဲ့ သင်တန်းအမျိုးမျိုး၊ အစိုးရ/ပုဂ္ဂလိက တက္ကသိုလ်ကောလိပ်တွေနဲ့ သက်မွေးဝမ်းကျောင်း စတာတွေ ဖြစ်ပါတယ်။ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေအနေနဲ့ မိမိလက်အောက်ခံ ဝန်ထမ်းတွေကို နေအိမ်ကနေ အလုပ်လုပ်ခွင့်ပြုဖို့၊ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ အလှည့်ကျစနစ်နဲ့ အလုပ်လာလုပ်ဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။  ဒါ့အပြင် လုပ်သားပြည်သူတွေအနေနဲ့လည်း မလိုအပ်ပါက လူစုလူဝေးနေရာတွေကို ရှောင်ကြဉ်ဖို့၊ စားနပ်ရိက္ခာတွေကိုတော့ ဝယ်ယူသိုလှောင်ထားစရာမလိုဘဲ အိမ်အရောက် ပါဆယ်ပို့ပေးတဲ့စနစ် သုံးနိုင်ကြောင်း၊ ရိက္ခာမပြတ်ဖို့ စူပါမားကက်နဲ့ ဆဲဗဲင်းအီလဲဗင်း ကုန်စုံဆိုင်တွေကို ဖွင့်ခွင့်ပြုထားကြောင်း၊ ဒါပေမဲ့  အဆိုပါဆိုင်တွေအနေနဲ့ ရောဂါကင်းဝေးဖို့ သန့်ရှင်းရေးကို အထူးဂရုစိုက်ရမှာဖြစ်ပြီး ဆိုင်အဝင်အထွက်တွေမှာ အယ်လ်ကိုဟောလ်ပါ လက်ဆေးဂျယ်လီရည်တွေ အသင့်ထားပေးရမယ်လို့ ဘန်ကောက်မြို့တော်ဝန်က ပြောသွားပါတယ်။
2 years Ago

December 22, 2019

ဟောင်ကောင်ရှိ ကုန်တိုက်ကြီးများတွင် ဆန္ဒပြသူရာချီပြီး ထိုင်သပိတ်ဆင်နွှဲ

ဟောင်ကောင်မှာ မြေအောက်ရထားပေါ် တိုက်ခိုက်ခံရတဲ့ ၅ လမြောက် အထိမ်းအမှတ်အဖြစ် ရာချီတဲ့ အနက်ရောင်ဝတ် ဆန္ဒပြသူတွေဟာ ဒီဇင်ဘာ ၂၁ ရက်က ယွမ်လုံခရိုင်မှာရှိတဲ့ ကုန်တိုက်တွေမှာ  ထိုင်သပိတ် ဆင်နွှဲခဲ့ကြပါတယ်။  လွန်ခဲ့တဲ့ ၅ လတုန်းက ဆန္ဒပြပြီး ပြန်လာတဲ့ လူငယ်တွေကို အင်္ကျီအဖြူဝတ် လူတစုက မြေအောက်ရထားပေါ်တက်ပြီး တုတ်တွေနဲ့ ရိုက်နှက်ခဲ့တာပါ။ ဒါကြောင့် အခုလို ယွမ်လုံခရိုင်မှာ ထိုင်သပိတ်ဆင်နွှဲကြတဲ့အပြင် ဆင်းမ်ရှားဆွေခရိုင် Harbour City mall မှာလည်း  ဆန္ဒပြလူအုပ်ငယ်တွေ စုဝေးခဲ့ပါတယ်။    အဲဒီအချိန်မှာ အရပ်ဝတ်ရဲတွေ ရောက်လာပြီး သူတို့ကို   ခွေးနက်တွေလို့ ခေါ်ဝေါ်ကာ အဓိကရုဏ်းနှိမ်နှင်းရေး ရဲတွေက ဆန္ဒပြသူတွေကို လိုက်လံ ဖမ်းဆီးခဲ့တဲ့အပြင် ဆိုင်တချို့ကိုလည်း အတင်းအကျပ် ပိတ်ခိုင်းတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up