ကုန်တင် ယာဥ်မောင်းနှင့်နောက်လိုက်

October 11, 2020

မူဆယ် ကုန်တင် ယာဥ်မောင်းနှင့်နောက်လိုက် ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ

မူဆယ်တွင် အဝင်၊ အထွက် ကုန်တင်ယာဥ်မောင်းနဲ့ ယာဥ်​နောက်လိုက်တွေကို ​Test Kit နဲ့ ​ဆေးစစ်​ပေးရာ ပိုးတွေ့လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိ​တယ်လို့ မူဆယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်​ကုသ​ရေးနဲ့ စည်းကမ်းထိန်းသိမ်း​ရေး တာဝန်ခံ၊ ကရုဏာ လူမှုကူညီ​ရေးအသင်း ဥက္ကဋ္ဌ ဦး​သောင်းထွန်းက DVB ကို​ ပြောပါတယ်။ မူဆယ်က​နေ မန္တလေး အပြန် ၁၀၅ မိုင် ​ဆေးစစ်စခန်းမှာ ဆေးစစ်​ပေးရာ အောက်တိုဘာလ ၁၀ ရက်​နေ့ နေ့လယ်မှာ ၁ ဦး၊ ညနေ ၅ နာရီမှာ ၁ ဦး တွေ့ခဲ့ပြီး အဲဒီပိုးတွေ့လူနာ ၂ ဦးဟာ ထမင်း အတူတူစားခဲ့​တာလို့ သိရပါတယ်။ ပိုးတွေ့လူနာ ၂ ဦးကို မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံသစ်မှာ ဆေးကုသမှုခံယူ​စေပြီး ကျန်းမာရေး ကောင်းမွန်နေ​ပြီး သူတို့နဲ့ထိစပ်သူ ယာဥ်​မောင်း၊ ယာဥ်​နောက်လိုက် ၂ ဦးကို မူဆယ်​ ဘောလုံးကွင်း ကွာရန်တင်းစင်တာကို ပို့​ဆောင်ထားတယ်လို့ ဆိုပါတယ်။ မူဆယ်ခရိုင်​ဆေးရုံသစ်မှာ ကုန်တင်ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက် ပိုးတွေ့လူနာစုစုပေါင်း ၆ ဦး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ သတင်း - Pra Jaw ၊ ဓာတ်ပုံ - ဦး​သောင်းထွန်း
7 months Ago
Up