ကုန်တင်ကားတိုက်မှု

A d v e r t i s e m e n t With Us

January 20, 2021

အိန္ဒိယတွင် လမ်းဘေးအိပ်နေသည့်လုပ်သားများကို ကုန်တင်ကားကြိတ်မိ၊ ၁၅ ဦးခန့် သေဆုံး

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်၊ ဆူရတ်မြို့မှာ ဇန်နဝါရီ ၁၉ ရက်က အရှိန်နဲ့မောင်းလာတဲ့ ကုန်တင်ကားတစ်စီးဟာ လမ်းဘေးမှာ အိပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တက်ကြိတ်မိလို့ ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက် ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကြံတွေ တင်ထားတဲ့ ထွန်စက်ကို ကုန်ကားက ဝင်တိုက်မိပြီးနောက် ကုန်ကားသမားဟာ ကားကို မထိန်းနိုင်တော့ဘဲ ပလက်ဖောင်းပေါ်မှာ အိပ်နေတဲ့ အလုပ်သမားတွေကို ကြိတ်မိတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ သေဆုံးခဲ့တဲ့အတွက် ထပ်တူဝမ်းနည်းပါတယ်လို့ ဝန်ကြီးချုပ် မိုဒီက တွစ်တာမှာ ရေးသားခဲ့ပါတယ်။ သေဆုံးသူ တစ်ဦးစီအတွက် အမေရိကန်ဒေါ်လာ ၂,၇၀၀ ဝန်းကျင်နဲ့ ဒဏ်ရာရသူ တစ်ဦးစီအတွက် အမေရိကန်ဒေါ်လာ ၈၃၀ ရှိတဲ့ လျော်ကြေးငွေတွေကို ပေးအပ်မယ်လို့ အစိုးရက ကြေညာပါတယ်။
1 month Ago
Up