ကုန်စိမ်းရုံ

June 18, 2021

လားရှိုးမြို့မဈေး ကုန်စိမ်းရုံကို ၂ ပတ်ကြာ လော့ဒေါင်းချ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ ထပ်တိုးတွေ့ရှိခဲ့တဲ့ မြို့မဈေး ကုန်စိမ်းရုံကို ဒီနေ့ ဇွန်လ ၁၈ ရက်မှ  ဇူလိုင်လ ၁ ရက်အထိ အသွားအလာကန့်သတ် လော့ဒေါင်း ချသွားမှာ ဖြစ်ကြောင်း လားရှိုး Covid - 9 Operation Team က သိရပါတယ်။

"လားရှိုးမြို့ ကုန်စိမ်းတန်းဈေးနဲ့  အလှကုန်တန်းကို နှစ်ပတ်တိတိ ယာယီပိတ်ထားလိုက်ပြီ။ လော့ဒေါင်း ချလိုက်ပါပြီ" လို့  လားရှိးမြို့ခံ ဈေးသည် တစ်ဦးက ပြောပါတယ်။

ကုန်းစိမ်းဘက်အခြမ်းမှာ ပန်းတန်း၊ ကျူလီယာတန်း၊ စားသောက်တန်းတွေပဲပိတ်မှာဖြစ်ပြီး သားငါးရုံ၊ စဉ့်အိုးတန်း၊ ပလောင်တန်း၊ ကုန်ခြောက်ရုံနဲ့ ဘဏ် ၁ -၂ လမ်းက ဈေးဆိုင်တန်းတွေကတော့ ပုံမှန်အတိုင်း ဖွင့်ထားမှာဖြစ်​ပြီး ဈေးကြီးတွေ လော့ဒေါင်း ချဖို့ လိုလာပါက ကြိုတင်အသိပေးသွားမယ်လို့ ဆိုပါတယ်။

လားရှိုးမှာ ဇွန်လ ၁၇ ရက် ညနေ ၅ နာရီထိ ထပ်တိုးတွေ့ရှိတဲ့ ကိုဗစ်-၁၉  ပိုးတွေ့ လူနာ ၁၃ ဦးရှိပြီး ဇွန်လ ၈ ရက်မှ ဇွန်လ ၁၇ ရက်နေ့ထိ ပိုးတွေ့လူနာစုစုပေါင်း ၈၆ ဦးရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးမှာတော့ လားရှိုး၊ သီပေါ၊ နမ့်လန်၊ တန့်ယန်း၊ နမ္မတူနဲ့ မိုင်းရယ်တို့မှ  စုစုပေါင်း ပိုးတွေ့ လူနာပေါင်း  ၁၀၁ ဦးထိ ရှိပြီး  နမ့်လန်က ၁ ဦးနဲ့ တန့်ယန်း ၁ ဦး စုစုပေါင်း သေဆုံးသူ ၂ ဦးရှိပါတယ်။

7 months Ago
Up