ကုန်စည်တင်သွင်းမှု

September 2, 2019

တရုတ်နှင့် အမေရိကန် ကုန်စည်တင်သွင်းမှု အပြန်အလှန် ထပ်ဆောင်းခွန် တိုးကောက်

တရုတ်နဲ့ အမေရိကန်တို့ဟာ တနိုင်ငံဆီက တင်သွင်းတဲ့ ကုန်စည်တွေကို တနိုင်ငံက အပြန်အလှန် ထပ်ဆောင်းခွန် တိုးကောက်တာတွေ စက်တင်ဘာ ၁ ရက်က စတင် လုပ်ဆောင်ပါတယ်။ ဒီအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲအသစ်တွေ နောက်တကျော့ ကျင်းပဖို့ ဒီလထဲမှာ ပြန်စတော့မှာပါ။ လောလောဆယ်တော့ အမေရိကန်ကတော့ smart speakers, Bluetooth headphones တို့လို အဆင့်မြင့် လျှပ်စစ်ပစ္စည်းတွေနဲ့ ဖိနပ်အမျိုးမျိုး အပါအဝင် တရုတ် တင်ပို့ကုန် အမေရိကန်ဒေါ်လာ ၁၂၅ ဘီလီယံကျော်ဖိုးကို အမေရိကန်က ထပ်ဆောင်းခွန် ၁၅ ရာခိုင်နှုန်းကစပြီး တိုးကောက်မှာပါ။  လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်အစိုးရကလည်း စက်တင်ဘာ ၁ ရက်ကစပြီး အမေရိကန်က တင်သွင်းတဲ့ ရေနံစိမ်းတွေကို ၅ ရာခိုင်နှုန်း ထပ်ဆောင်းခွန် ကောက်ပါတယ်။  ဒါဟာ တရုတ်အတွက် အမေရိကန် ရေနံကို ပစ်မှတ်ထားတာ ပထမဆုံးပါ။ တရုတ်နဲ့ အမေရိကန်က ကုန်သွယ်ရေးအဖွဲ့တွေ ဆက်ဆွေးနွေးနေပြီး စက်တင်ဘာလထဲမှာ အစည်းအဝေး ထပ်လုပ်မယ်လို့ ထရမ့်က သတင်းထောက်တွေကို တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ထပ်ဆောင်းခွန် တိုးတာ ဖျက်သိမ်းဖို့ တရုတ်က အမေရိကန်ကို ဖိအားပေးခဲ့ပြီးပါပြီ။ ဒါပေမဲ့ စက်တင်ဘာမှာ ညှိုနှိုင်းပွဲလုပ်ဖို့ နှစ်နိုင်ငံကြား ဆွေးနွေးခဲ့တယ်လို့ အရင်တပတ်က ပြောပါတယ်။ ကုန်သွယ်ရေး စစ်ပွဲကြောင့် တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version တ႐ုတ္ႏွင့္ အေမရိကန္ ကုန္စည္တင္သြင္းမႈ အျပန္အလွန္ ထပ္ေဆာင္းခြန္ တိုးေကာက္ တ႐ုတ္နဲ႔ အေမရိကန္တို႔ဟာ တႏိုင္ငံဆီက တင္သြင္းတဲ့ ကုန္စည္ေတြကို တႏိုင္ငံက အျပန္အလွန္ ထပ္ေဆာင္းခြန္ တိုးေကာက္တာေတြ စက္တင္ဘာ ၁ ရက္က စတင္ လုပ္ေဆာင္ပါတယ္။ ဒီအေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးပြဲအသစ္ေတြ ေနာက္တေက်ာ့ က်င္းပဖို႔ ဒီလထဲမွာ ျပန္စေတာ့မွာပါ။ ေလာေလာဆယ္ေတာ့ အေမရိကန္ကေတာ့ smart speakers, Bluetooth headphones တို႔လို အဆင့္ျမင့္ လွ်ပ္စစ္ပစၥည္းေတြနဲ႔ ဖိနပ္အမ်ိဳးမ်ိဳး အပါအဝင္ တ႐ုတ္ တင္ပို႔ကုန္ အေမရိကန္ေဒၚလာ ၁၂၅ ဘီလီယံေက်ာ္ဖိုးကို အေမရိကန္က ထပ္ေဆာင္းခြန္ ၁၅ ရာခိုင္ႏႈန္းကစၿပီး တိုးေကာက္မွာပါ။ လက္တုံ႔ျပန္တဲ့အေနနဲ႔ တ႐ုတ္အစိုးရကလည္း စက္တင္ဘာ ၁ ရက္ကစၿပီး အေမရိကန္က တင္သြင္းတဲ့ ေရနံစိမ္းေတြကို ၅ ရာခိုင္ႏႈန္း ထပ္ေဆာင္းခြန္ ေကာက္ပါတယ္။ ဒါဟာ တ႐ုတ္အတြက္ အေမရိကန္ ေရနံကို ပစ္မွတ္ထားတာ ပထမဆုံးပါ။ တ႐ုတ္နဲ႔ အေမရိကန္က ကုန္သြယ္ေရးအဖြဲ႕ေတြ ဆက္ေဆြးေႏြးေနၿပီး စက္တင္ဘာလထဲမွာ အစည္းအေဝး ထပ္လုပ္မယ္လို႔ ထရမ့္က သတင္းေထာက္ေတြကို တနဂၤေႏြေန႔မွာ ေျပာပါတယ္။ ထပ္ေဆာင္းခြန္ တိုးတာ ဖ်က္သိမ္းဖို႔ တ႐ုတ္က အေမရိကန္ကို ဖိအားေပးခဲ့ၿပီးပါၿပီ။ ဒါေပမဲ့ စက္တင္ဘာမွာ ညႇိဳႏႈိင္းပြဲလုပ္ဖို႔ ႏွစ္ႏိုင္ငံၾကား ေဆြးေႏြးခဲ့တယ္လို႔ အရင္တပတ္က ေျပာပါတယ္။ ကုန္သြယ္ေရး စစ္ပြဲေၾကာင့္ တ႐ုတ္နဲ႔ အေမရိကန္ ဆက္ဆံေရး အဆင္မေျပ ျဖစ္ခဲ့ပါတယ္။
2 years Ago
Up