ကုန်ကားတစီး ဗုံးပေါက်ကွဲ

A d v e r t i s e m e n t With Us

June 11, 2020

၂ ရက်ဆက် ဗုံးပေါက်ကွဲခဲ့သည့် မြဝတီမြို့တွင် လုံခြုံရေးတင်းကျပ်

ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ဗုံးပေါက်ကွဲမှုတွေ နှစ်ရက်ဆက် ဖြစ်ပွားခဲ့ ပြီးနောက် လုံခြုံရေးတင်းကျပ်ပြီး တရာခံဖမ်းဆီးမိရေး ရွာဖွေစစ်ဆေးနေတယ်လို့ သိရပါတယ်။ မြဝတီမြို့ နယ်ခြားစောင့်တပ်ဖွဲ့၊ ယာဉ်ထိမ်းရဲ၊ ရဲတပ်ဖွဲ့ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ မြဝတီမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပါဝင်ပူးပေါင်းပြီး မြို့ဝင်လမ်း၊ ချစ်ကြည်ရေးတံတားအမှတ် ၁ ရှေ့ နဲ့ ဓိဌာန်အောင်ဘုရားပတ်လမ်း၊ ဆေးရုံရှေ့နဲ့ အခြား ရပ်ကွက် ၅ ခုမှာ မနေညက ကင်းလှည့်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ လှည့်ကင်းဆောင်ရွက်ရာမှာ အိမ်ခြေရာမဲ့တွေနဲ့ အလုပ်လက်မဲ့တွေကို ဖမ်းဆီးမိခဲ့တာ ရှိပေမယ် ဗုံးပေါက်ကွဲမှု တရားခံကိုတော့ ဖမ်းဆီးမိခြင်း မရှိသေးဘူးလို့ မြဝတီမြို့ နယ်ခြားစောင့်တပ် စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ  နိုင်မောင်ဇော်က ပြောပါတယ်။ ဗုံးပေါက်ကွဲမှု တရားခံအား ဖမ်းဆီးမိရေးအတွက်လည်း ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘုရင့်နောင်လမ်းမပေါ်မှာ ဇွန်လ ၉ ရက် ည ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲတာခဲ့တာကြောင့် Toyota Hilux Surf မော်တော်ယာဉ်တစ်စီး ဗုံးစထိမှန်ပျက်စီးခဲ့သလို ယာဉ်ပေါ်ပါ ရဟန် ၁ ပါး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပါတယ်။ ဇွန်လ ၈ ရက် ညပိုင်းကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ရဲစခန်းရှေ့နားမှာ မော်တော်ဆိုင်ကယ်စီးလာသူနှစ်ဦးက ဗုံး ၂ လုံးပစ်ချသွားရာကနေ ၁ လုံးပေါက်ပွဲပြီး  လူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သတင်း - ဖိုးစီ
9 months Ago

December 29, 2019

ဆိုမာလီတွင် ကုန်ကားတစီး ဗုံးပေါက်ကွဲ၊ လူ ၉၀ ထက်မနည်း သေဆုံး

ဆိုမာလီနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးက လူစည်ကားတဲ့ စစ်ဆေးရေးစခန်းမှာ ဗုံးထောင်ထားတဲ့ ကုန်ကားတစီး  ဒီဇင်ဘာ ၂၈ ရက်မှာ ပေါက်ကွဲလို့ သေဆုံးသူ ဦးရေဟာ အယောက် ၉၀ ထက်မနည်း ရှိသွားပြီလို့ ဆိုမာလီနိုင်ငံအတွက် အလုပ်လုပ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတရပ်က ပြောပါတယ်။ ဒါဟာ နှစ်နှစ်အတွင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုလို့လည်း ပြောပါတယ်။ သေဆုံးသူတွေထဲမှာ တူရကီနိုင်ငံသား ၂ ယောက်နဲ့ ကျောင်းသူ ကျောင်းသား အများအပြား ပါတယ်။ လူတွေ ဒါဇင်ချီ ဒဏ်ရာရတယ်လို့ ဆိုမာလီ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ လူအသွားအလာ အထူဆုံးအချိန်မှာ ပေါက်ကွဲမှုဖြစ်ရာ လမ်းဆုံကနေ အလောင်း ၇၃ လောင်းကို မာဒီနာဆေးရုံဆီ သယ်ပြီးပြီလို့ ဆိုမာလီ လူသားချင်းစာနာမှုရေးရာနဲ့ ကပ်ဘေး စီမံခန့်ခွဲရေး ဒုဝန်ကြီးက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ရဲအရာရှိ ၁၇ ယောက်လည်း ပါတယ်လို့ နာမည်မဖော်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတရပ်ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ ဆိုမာလီ လွှတ်တော်အမတ်တဦးကလည်း သေဆုံးသူ အယောက် ၉၀ ကျော်တယ်လို့ ကြားထားကြောင်း တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒီဖောက်ခွဲမှုကို ဘယ်သူ လုပ်တယ်ဆိုတာ တရားဝင် တာဝန်ခံမှု မရှိသေးပါဘူး။ မိုဂါဒစ်ရှူး မြို့တော်ဝန်ကတော့ အယ်လ်ကိုင်ဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ အယ်လ်ရှာဘတ်သူပုန်တွေ လုပ်တာလို့ ပြစ်တင် ရှုတ်ချထားပါတယ်။ ဒီဖြစ်ရပ်ကြောင့်တော့ ဆိုမာလီနိုင်ငံဟာ စိတ်ဓာတ်ကျ ပြိုလဲသွားမှာ မဟုတ်ဘူးလို့ ဆိုမာလီသမ္မတ မိုဟာမဒ်အဗ်ဒူလာဟီဖှာမာဂျိုက ဒီဇင်ဘာ ၂၈ ရက်မှာ အားပေး ပြောဆိုခဲ့ပါတယ်။  
1 year Ago
Up