ကုန်လှောင်ရုံ

August 30, 2018

မဲလ်ဘုန်းမြို့ရှိ ကုန်လှောင်ရုံတခု မီးလောင်၊ မီးခိုးထူထပ်မှုကြောင့် ကျောင်းများပိတ် (ရုပ်သံ)

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့က စက်မှုဇုန် ကုန်လှောင်ရုံတခု ဒီကနေ့ မီးလောင်ခဲ့ပါတယ်။ မီးခိုးတွေဟာ မြို့တွင်း ကောင်းကင်ယံမှာ လှိုင်းထနေလို့ ဒေသခံတွေ မီးခိုးရှောင်ခဲ့ရပြီး ကျောင်းတွေ ပိတ်ခဲ့ရတယ်လို့ သြစတြေးလျ မီဒီယာက ပြောပါတယ်။ မီးဟာ ဒေသစံတော်ချိန် မနက် ငါးနာရီလောက်က စလောင်ခဲ့ပြီး မီးသတ်သမား အယောက် ၁၀၀ ကျော် ငြှိမ်းသတ်ခဲ့ရတယ်လို့ မဲလ်ဘုန်း မီးသတ်ဌာန (MFB) ကို ကိုးကားပြီး နိုင်းနက်ဝပ်ရုပ်သံက ကြေညာသွားပါတယ်။ ကုန်လှောင်ရုံထဲမှာ အက်စီတုံးနဲ့ အောက်စီအက်ဆီတလင်း ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့အတွက် မီးအား ပိုကောင်းခဲ့တာလို့ MFB ရဲ့ ဒုအကြီးအကဲ ကန်းဘရောင်းက ပြောပါတယ်။ မီးခိုးထူတွေကြောင့် ကျောင်းတွေ အတော်များများကို ပိတ်ခဲ့ရပြီး လေယာဉ်တွေလည်း လမ်းကြောင်းပြောင်း ပျံသန်းခဲ့ရတယ်လို့ အေဘီစီသတင်းဌာနက အစီရင်ခံပါတယ်။
3 years Ago
Up