ကုန်လှောင်ရုံပေါက်ကွဲ

August 13, 2015

တရုတ် ပေါက်ကွဲမှု သေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာရသူ ၅၀၀ ရှိလာ

တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ သြဂုတ် ၁၂ ရက်ည ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၄ ဦးရှိလာပြီး ဒဏ်ရာရသူ ၅၂၀ ရှိပြီလို့ ဆင်ဟွာသတင်းက ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်းမှာ အန္တရာယ်ရှိတဲ့ ဓာတ်ပုံပစ္စည်းတွေ သိုလှောင်ထားတဲ့ ကုန်လှောင်ရုံမှာ ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေထဲမှာ မီးသတ်သမား ၁၂ ဦး ပါဝင်နေတယ်လို့ ဆိုပါတယ်။ လူ ၆၆ ဦးလည်း အရေးပေါ် အခြေအနေမှာ ရှိနေတယ်လို့ သတင်းက ဆိုပါတယ်။ အနီးပတ်ဝန်းကျင် ၁ မိုင်ခွဲက အဆောက်အဦ ပြတင်းတံခါးတွေ ကွဲထွက်သလို ရာချီတဲ့ကားတွေလည်း မီးလောင်ခဲ့ပါတယ်။ ဒေသခံတွေနဲ့ အလုပ်သမားတွေ ထွက်ပြေးနေတာ၊ ဒီအထဲက မှန်စတွေနဲ့ အပျက်အစီးတွေ ထိမှန်တဲ့သူတွေရဲ့ ပုံရိပ်တွေကို တရုတ်မီဒီယာတွေက ထုတ်ပြပါတယ်။
6 years Ago
Up