မတ် ၁ ရက်နေ့ သတ်မှတ်ထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို ရက်အနည်းငယ် ရွှေ့နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။
သမ္မတ ထရမ့်က သူ့အနေနဲ့ ရက်အနည်းငယ် မရွှေ့လိုဘဲ တရုတ်သမ္မတ ရှီနဲ့ တွေ့ဆုံပြီး သဘောတူညီချက် ရလိုတယ်လို့ ပြောပါတယ်။
အမေရိကန် အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ အဆင့်မြင့်ကုန်သွယ်ရေး ဆွေးနွေးပွဲ မတိုင်မီ ဘေဂျင်းမြို့ကို ရောက်ရှိနေပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံဟာ မတ် ၁ ရက်နေ့နောက်ပိုင်း ကုန်သွယ်ရေး သဘောတူညိီချက်ရပြီး နောက်ထပ်သွင်းကုန်ခွန် တိုးမြှင့်တာကို ရှောင်ရှားဖို့ ကြိုးပမ်းတာဖြစ်ပါတယ်။
ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ နီးကပ်လာရင် သတ်မှတ်ထားတဲ့ရက်ကို တွန်းတွန်းတိုက်တိုက် လုပ်သွားမယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။
အမေရိကန် နဲ့ တရုတ်တို့ဟာ သဘောတူညီချက်ရစေဖို့ အပြန်အလှန် ကုန်သွယ်ခွန်တိုးမြှင့်မယ့် အစီအစဉ်ကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago