ကုန်သွယ်ရေးစစ်ပွဲသီချင်း

May 23, 2019

ကုန်သွယ်ရေးစစ်ပွဲ သီချင်း ရေးစပ်သည့် တရုတ်အငြိမ်းစားအရာရှိ နာမည်ကျော်ကြားလာ (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်က အငြိမ်းစားအရာရှိ ကျိုးလျန်ထျန်းဟာ ကုန်သွယ်ရေးစစ်ပွဲလို့ နာမည်ပေးထားတဲ့ သူရဲကောင်းစိတ်ဓာတ် လှုံ့ဆော်ရေး သီချင်းသစ်ကြောင့် ကျော်ကြားလာပါတယ်။ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲကြဖို့ တရုတ်ပြည်သူတွေကို ဒီသီချင်းက ဆော်သြထားပါတယ်။ "ကျနော်တို့က ပြဿနာမရှာဘူး။ သူများကို ရန်မစဘူး။ ဒါပေမယ့် ဘယ်အရာကိုမှလည်း မကြောက်ဘူး။ ကျနော်တို့က ကိုယ့်တိုးတက်မှုကိုပဲ အာရုံစိုက်ရမယ်။ ဒါဆိုရင် ယုံကြည်ချက် ရှိနေမယ်။ အမေရိကန်ပြည်သူတွေနဲ့ ပြောဆိုပြီး ကောင်းတဲ့ဆက်ဆံရေး တည်ဆောက်ချင်တယ်လို့ အမေရိကန်ပြည်သူတွေကို သတင်းစကား ပါးချင်တယ်။ ဒီနေ့ တရုတ်ဟာ မန်ချူး ချင်မင်းဆက်အစိုးရ မဟုတ်တော့ဘူး။ တရုတ်ပြည်သူတွေက နိုးထ ရပ်တည်နေကြပါပြီ" လို့ ကုန်သွယ်ရေးစစ်ပွဲ သီချင်းရေးစပ်သူ ကျိုးလျန်ထျန်းက ပြောပါတယ်။ ကဗျာနဲ့ သီချင်းရေးစပ်သူ ကျိုးဟာ အရင်က သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ နောက်လိုက် ထောင်ဂဏန်းသာ ရှိတာပါ။ သူ့သီချင်းကို အရင်သီတင်းပတ်ကုန်ရက်က wechat လူမှုကွန်ရက် အင်တာနက်ပေါ် တင်အပြီးမှာ ခုတော့ နောက်လိုက်ပေါင်း ၂ သိန်း ၂ သောင်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
3 years Ago
Up