အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ရေပိုင်နက်နားမှာ ကုန်သင်္ဘောလေးစီး တမင်သက်သက် ပစ်မှတ်ထား ဖျက်ဆီးခံခဲ့ရပေမယ့် လူအသေအပျောက်တော့ မရှိဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက မေလ ၁၂ ရက်မှာ ပြောပါတယ်။
ယူအေအီးနိုင်ငံ ဖူဂျေးရာပြည်နယ်နားမှာ ခုလိုဖြစ်ခဲ့ပြီး ဖျက်ဆီးပုံ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။
ဒီနေရာဟာ ဟော်မုဇ် ရေလက်ကြား အပြင်ဘက်မှာရှိပြီး ကမ္ဘာ့အကြီးဆုံး ရေနံတင် ဆိပ်ကမ်း အချက်အချာနားမှာ ရှိပါတယ်။
ဖူဂျေးရာဆိပ်ကမ်းက လုပ်ငန်းစဉ်တွေ တနင်္ဂနွေနေ့က ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အီရန်နိုင်ငံကို ပိုင်းခြားထားပြီး ကမ္ဘာ့အရေးကြီးဆုံး ရေနံနဲ့ဓာတ်ငွေ့ တင်ပို့မှု လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။
အမေရိကန်ရဲ့ အီရန်အပေါ် ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ပွဲဆိုင်ရာ စကားတွေ ဆူညံနေပြီး အမေရိကန်စစ်တပ်ရဲ့ လေယာဉ်တင် သင်္ဘောတစီးလည်း ပင်လယ်ကွေ့ဒေသထဲမှာ ရောက်နေပါတယ်။
2 years Ago