ကုန္တိုက္

October 12, 2019

မန်ချက်စတာ ကုန်တိုက်တခုတွင် လူ ၅ ဦး ဓားထိုးခံရ

ဗြိတိန်နိုင်ငံ အင်္ဂလန်နယ် မန်ချက်စတာမြို့က ကုန်တိုက်တန်းတခုမှာ အောက်တိုဘာ ၁၁ ရက်က လူ ၅ ယောက် ဓားနဲ့ထိုး ခံရပါတယ်။  စုံစမ်းစစ်ဆေးမှုကို အကြမ်းဖက်မှု တိုက်ဖျက်ရေး စုံထောက်တွေက ဦးဆောင်စစ်ဆေး နေတယ်လို့ ရဲတွေက ပြောပါတယ်။  “မြို့လယ်က အာရ်န်းဒယ်ကုန်တိုက်မှာ ဓားထိုးမှု ဖြစ်ခဲ့တာပါ။ လက်နက်ကိုင် ရဲတွေ အမြန်ရောက်လာပြီး ကုန်တိုက်တန်းထဲက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ပါတယ်။ ဆိုးရွားတဲ့ ဖြစ်ရပ်ကို ကျူးလွန်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အစောပိုင်းကာလမှာ ကျနော်တို့ရဲ့ စိတ်ကို ဖွင့်ထားပါတယ်” လို့ မန်ချက်စတာ ရဲဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။  ဆိုးရွားပြင်းထန်တဲ့ တိုက်ခိုက်မှု သံသယအတွက် အသက် ၄၀ ကျော် အမျိုးသား တယောက်ကို ဖမ်းထားတယ်လို့လည်း သူတို့က ပြောပါတယ်။  ကုန်တိုက်တန်းထဲက လူတွေကို ဘေးကင်းရာ ရွှေ့ထားတယ်လို့ ကုန်တိုက်တန်းရဲ့ ဒါရိုက်တာ ဒေးဗစ်အော်လင်ဆန်က မန်ချက်စတာ အီးဗနင်းသတင်းဌာနကို ပြောပါတယ်။  ဒီမြို့မှာ လတ်တလော နှစ်တွေအတွင်း လူသေအများဆုံး စစ်သွေးကြွ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ဖူးပြီး ၂၀၁၇ မေလ တိုက်ခိုက်မှုကြောင့် လူ  ၂၂ ယောက် သေဆုံးခဲ့ ဖူးပါတယ်။
2 years Ago

April 14, 2019

နေပြည်တော် ဇေယျာသီရိကုန်တိုက်မီးလောင်

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်တိုက်မှာ ဧပြီ ၁၄ ရက် ညနေ ၃ နာရီကျော်လောက်က မီးလောင်မှုဖြစ်ပွားပြီး ကုန်တိုက်တခြမ်းလုံးနီးပါး မီးထဲပါသွားပါတယ်။ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိလို့  level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ရာမှာ ၃ နာရီ ၄၅ မိနစ်လောက်မှာ မီးထိန်းထားနိုင်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ထားပါတယ်။ ကုန်တိုက်အတွင်းက နေရာအတော်များများ မီးထဲပါသွားကာ ပျက်စီးဆုံးရှုံးမှု ပမာဏ များနိုင်ဖွယ် ရှိပြီး နေပြည်တော်စစ်တိုင်းမှူးကတော့ မီးလောင်မှုနဲ့ ပတ်သက်လို့ ထုတ်ပြန်ပေး မယ်လို့ ပြောဆိုကာ လတ်တလောမှာတော့ မီဒီယာတွေ မေးတာကို ဖြေကြားခြင်းမရှိသေးပါဘူး။ မီးလောင်တဲ့နေရာကို ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းလည်း လာရောက်ကြည့်ရှုနေပါတယ်။
3 years Ago
Up