ကုန်တင်သေတ္တာကြီး ပြုတ်ကျပေမယ့်

June 10, 2017

ကုန်တင်သေတ္တာကြီး ပြုတ်ကျပေမယ့် အသက်ဘေးမှ လွတ်မြောက်ခဲ့သူ (ရုပ်သံ)

ကာဇက်စတန်နိုင်ငံ အနောက်မြောက်ဘက်မှာ လော်ရီကားထဲ လူတယောက်ရှိချိန် ကရိန်းကတဆင့် ကုန်သေတ္တာကြီး လော်ရီကားဆီ ပြုတ်ကျလာပေမယ့် အဲဒီလူက ကံကောင်းစွာ အသက်ရှင်ခဲ့တာကို မယုံကြည်နိုင်ဖွယ် ရုပ်သံထဲမှာ မြင်တွေ့ရပါတယ်။ ရုပ်သံထဲမှာ လော်ရီကားနောက်ခန်းထဲ ရှိနေတဲ့ အဖြူရောင် တီရှပ်ဝတ်ဆင်ထားသူက ကရိန်းပေါ်ရှိ ကုန်သေတ္တာကြီးမှာ ချည်နှောင်ထားတဲ့ကြိုးကို ဆွဲပြီး ကုန်သေတ္တာကြီးကို ကားထဲ နေရာတကျ ထားနိုင်အောင် စီစဉ်နေပုံရတာကို မြင်ရမှာပါ။ ဒါပေမယ့် ကရိန်း ရုတ်တရက် လျောကျပြီး ကုန်သေတ္တာကြီးက ကားရဲ့နောက်ခန်းပေါ် ပြုတ်ကျသွားတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ သံကုန်တင်သေတ္တာကြီးကို လော်ရီကားရဲ့ နောက်ခန်းထဲ နေရာချနိုင်အောင်  ရွေ့လျားနိုင်တဲ့ ကရိန်းက ကားနောက်ခန်းမှာ နေရာချဖို့ အဆင်မပြေဖြစ်နေတာပါ၊ သေတ္တာပြုတ်ကျသွားချိန် လော်ရီကားပေါ်က လူရဲ့ လုပ်ဖော်ကိုင်ဖက်တဦးက စိုးရိမ်တကြီးနဲ့ ကားဆီ ပြေးလာတာကိုလည်း မြင်ကွင်းထဲမှာ တွေ့ရပါတယ်။ ဒါပေမယ့် ကုန်သေတ္တာက ကားပေါ်က လူအပေါ် သီသီကလေး လွတ်သွားပြီး ဒီလူ ကံကောင်းစွာ အသက်ရှင်ခဲ့ပါတယ်။ ဒီရုပ်သံကို အနီးအနားက တွေ့သူတဦးက စမာ့တ်ဖုန်းနဲ့ ဖမ်းယူရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပြီး ရုပ်သံကို ဗီဒီယိုတွေ ဖြန့်ဝေတဲ့ အင်တာနက်စာမျက်နှာပေါ် တင်တဲ့အခါ ကြည့်ရှုသူတွေ များတယ်လို့ မေရာသတင်းမှာ ဇွန်လ ၉ ရက်နေ့က ရေးထားပါတယ်။
4 years Ago
Up