ကုန်တင်လေယာဉ်

July 10, 2019

ကာတာလေကြောင်းကုမ္ပဏီက ဘိုးရင်း ကုန်တင်လေယာဉ် ၅ စီးဝယ်ရန် လက်မှတ်ရေးထိုး

ကာတာ လေကြောင်းကုမ္ပဏီဟာ ဘိုးရင်းကုမ္ပဏီဆီကနေ ကုန်တင်လေယာဉ် ငါးစီးဝယ်ဖို့ ဇူလိုင် ၉ ရက်ေန့က အိမ်ဖြူတော်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ကာတာ လေကြောင်းကုမ္ပဏီဟာ သူတို့ရဲ့ လေကြောင်းခရီးစဉ်တွေကို ကမ္ဘာတဝန်း ဖြန့်ကြက်ဖို့ ကြိုးစားနေချိန်မှာ ဘိုးရင်း 777 ကုန်တင်လေယာဉ်တွေကို ဝယ်ဖို့ အခုလို စာချုပ် ချုပ်လိုက်တာပါ။ အမေရိကန်နိုင်ငံကို အင်္ဂါနေ့က ရောက်လာတဲ့ လက်ရှိအာဏာရ ကာတာစော်ဘွား ရှိတ်တာမင် ဘင် ဟာမတ် အယ်လ်တာသ်နီကို အမေရိကန်သမ္မတက အိမ်ဖြူတော်မှာ လက်ခံကြိုဆိုခဲ့ပါတယ်။ အဲဒီခေါင်းဆောင်နှစ်ယောက် တွေ့ဆုံမှုအတွင်း ကာတာနဲ့ အမေရိကန်ကုမ္ပဏီတွေအကြား ကာကွယ်ရေး၊ စွမ်းအင်နဲ့ လေကြောင်းပျံသန်းမှုဆိုင်ရာ စီးပွားရေး သဘောတူညီချက်တွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2 years Ago

October 10, 2017

ဟောင်ကောင်လေဆိပ်တွင် အမေရိကန် ကုန်တင်လေယာဉ်တစီး မီးလောင်

အမေရိကန်လေကြောင်းလိုင်းက ကုန်တင်လေယာဉ်တစီး ဟောင်ကောင် နိုင်ငံတကာ လေဆိပ်မှာ ကုန်ချနေတုန်း အောက်တိုဘာ ၉ ရက်နေ့က မီးလောင်ခဲ့တယ်လို့ ဒေသခံ မီဒီယာတွေနဲ့ မျက်မြင်သက်သေတဦးက ပြောပါတယ်။ ဒေသစံတော်ချိန် ညနေ ငါးနာရီလောက်မှာ မီးလောင်ခဲ့တာလို့ The Standard သတင်းစာက သူ့ရဲ့ အင်တာနက် စာမျက်နှာကနေ ပြောပါတယ်။ အခင်းဖြစ်ရာက ထွက်ပြေးတဲ့ လေဆိပ်ဝန်ထမ်းတဦး ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။ လေကြောင်းခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရတယ်လို့ အမေရိကန် လေကြောင်းလိုင်းရဲ့ အင်တာနက်စာမျက်နှာက ဆိုပါတယ်။
4 years Ago
Up