ကုန်တင်သင်္ဘော

July 26, 2019

ဟိုင်းကြီးကျွန်းအနီး ကုန်တင်သင်္ဘော တိမ်းမှောက်နစ်မြုပ်ပြီး သင်္ဘောသား ၁၀ ဦးပျောက်ဆုံးနေ

ဧရာဝတီတိုင်းဒေသကြီး ပြင်စလူနဲ့ ဟိုင်းကြီးကျွန်းအနီးမှာ ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘော  တစီး တိမ်းမှောက်နစ်မြုပ်ပြီး သင်္ဘောသား ၁၀ ဦးပျောက်ဆုံးနေပါတယ်။ ရခိုင်ပြည်နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ရန်ကုန်မြို့ကနေ ဘိလပ်မြေအိတ် ၂၅၀၀၀ ခန့်တင်ယူပို့ဆောင်နေတဲ့ MV ထာဝရအားမာန်ကမ်းရိုတန်းသွား ကုန်တင်သင်္ဘောဟာ ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီအချိန်က ပြင်စလူနဲ့ ဟိုင်းကြီးကျွန်းအနားပင်လယ်ပြင်မှာ မိုးသက်လေပြင်းမိပြီး လိုက်ပါလာတဲ့ သင်္ဘာသား ၁၉ ဦးနဲ့အတူ နစ်မြုပ်သွားတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ရုံးကသိရပါတယ်။ သင်္ဘောသား ၉ ဦးကတော့ သင်္ဘောမှာပါလာတဲ့ သက်ကယ်လှေနဲ့ လွတ်မြောက်ခဲ့ပြီး သင်္ဘောကပ္ပတိန်နဲ့ ပဲ့နင်းအပါအဝင် ၁၀ ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး ဟိုင်းကြီးကျွန်းပမ္မဝတီ ရေတပ်စခန်းက စစ်ရေယာဉ်တွေနဲ့ သွားရောက်ရှာဖွေကယ်ဆယ်နေပါတယ်။
2 years Ago

July 21, 2019

အင်ဒိုနီးရှားကုန်တင်သင်္ဘော ကရိန်းစင်ကို ဝင်တိုက် (ရုပ်သံ)

ပနားမားအလံလွှင့်တင်ထားတဲ့ ကုန်တင်သင်္ဘောတစင်း အင်ဒိုနီးရှားနိုင်ငံ ဆီမာရန်းရှိ ကရိန်းမျှော်စင်တခုကို ဝင်တိုက်မိခဲ့ရာ ကရိန်းမျှော်စင် ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။ ရုပ်သံ ဗွီဒီယိုဖိုင်တခုမှာလည်း ဝင်တိုက်မှုကြောင့် ကရိန်းစင်းက သင်္ဘောကျင်းပေါ် ပြိုကျနေပြီး Soul of Luck သင်္ဘောက အခြားသော အသေးစား သင်္ဘောတစီးနဲ့ ဝင်တိုက်ပြီး သင်္ဘောပေါ်ရှိ အမှုထမ်းတွေ ဘေးလွတ်ရာ ထွက်ပြေးနေတဲ့ ရုပ်ပုံတွေကို မြင်တွေရပါတယ်။ ကုန်တင်သင်္ဘောဟာ မလေးရှားမှာရှိတဲ့ ကီလန်းဆိပ်ကမ်းကို ရွက်လွှင့်နေစဉ် ဒီလိုမျိုး ဝင်တိုက်ခဲ့ရတာဖြစ်ပြီး တိုက်ခိုက်မှုကိုဖြစ်စေတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။ ဇူလိုင် ၁၄ ရက်နေ့က ဒီမတော်တဆဖြစ်ရပ်ကြောင့် လူတဦးဒဏ်ရာရရှိခဲ့ပြီး ဆိပ်ကမ်းကိုလည်း သုံးနာရီလောက် ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
3 years Ago
More News
Up