ကုန်ကား ၄ ကားထဲ

A d v e r t i s e m e n t With Us

June 17, 2019

မက္ကဆီကိုနိုင်ငံ ကုန်ကားများထဲတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၈၀၀ ခန့် တွေ့ရှိ

မက္ကဆီကို အရှေ့ပိုင်းမှာ ကုန်တင်ကား ၄ ကားထဲကနေ အထောက်အထားမဲ့ နေရပ်ရွှေ့ပြောင်းသူ အယောက် ၈၀၀ နီးပါးကို အာဏာပိုင်တွေ ဇွန်လ ၁၅ ရက်နေ့မှာ ထိန်းသိမ်းခဲ့တယ်လို့ အစိုးရက ပြောပါတယ်။ ဗီရာခရုဇ် ပြည်နယ်မှာ ရပ်ထားတဲ့ ကုန်တင်ထား ၄ ကားထဲကနေ ပြည်ပနိုင်ငံသား ၇၉၁ ယောက်ကို တွေ့ခဲ့တယ်လို့ မက္ကဆီကို အမျိုးသားလူဝင်မှုကြီးကြပ်ရေးအဖွဲ့ (INM) က ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။ အမေရိကန်ကို ဦးတည်ခရီးနှင်လာတဲ့ နေရပ်ရွှေ့ပြောင်းသူတွေ စီးဝင်တာကို ထိန်းချုပ် ပေးမယ်ဆိုရင် အမေရိကန်က မက္ကဆီကို သွင်းကုန်တွေအပေါ်မှာ အခွန် ၅ ရာခိုင်နှုန်း တိုးမြင့် စည်းကြပ်တာကို ဖြေလျော့ပေမယ့်  သဘာတူညီချက် တစိတ်တပိုင်းအရ မက္ကဆီကို အစိုးရက အခုလိုက စည်းကမ်းတင်းကြပ်နေတာပါ။ ဇွန် ၇ ရက်နေ့က အဲဒီသဘောတူညီချက်အရ မက္ကဆီကို နယ်စပ်ကနေတဆင့် အမေရိကန်ကို တရားမ၀င် ၀င်ရောက်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းသူ အရေအတွက် သိသိသာသာ လျော့ကျအောင်လုပ်ဖို့ မက္ကဆီကိုအစိုးရအနေနဲ့ ၄၅ ရက် အချိန်ရပါတယ်။ အခုနှစ်အတွင်း အမေရိကန် - မက္ကဆီကို နယ်စပ်မှာ ဖမ်းမိတဲ့ တရားမ၀င်ရွှေ့ပြောင်းသူ အရေအတွက် မြင့်တက်ခဲ့တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒေါသထွက်ခဲ့ပါတယ်။ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်နဲ့ အယ်လ်ဆာဗေးဒိုး စတဲ့ ဗဟိုအမေရိက သုံးနိုင်ငံက ပြည်သူတွေဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခတွေကြောင့် မိခင်နိုင်ငံကနေ ထွက်ပြေးလာကြပါတယ်။ သူတို့ဟာ ပိုကောင်းတဲ့ဘ၀တွေ တည်ထောင်ဖို့ ရည်မှန်းချက်နဲ့ အမေရိကန်ကို ရောက်ဖို့ ကြိုးစားနေကြတာပါ။
2 years Ago
Up