ကုထုံး

January 21, 2021

အိုမင်းရင့်ရော်မှုကို နှေးစေသည့်ကုထုံး တရုတ်ပညာရှင်များ ဖော်ထုတ်

အိုမင်းရင့်ရော်တာကို နှေးစေတဲ့ မျိုးဗီဇကုထုံးသစ် တစ်ရပ်ကို တရုတ်သိပ္ပံပညာရှင်တွေ ဖော်ထုတ်လိုက်ပါပြီ။ ကြွက်တွေရဲ့  အိုမင်းရင့်ရော်မှု တချို့ကို ပြောင်းပြန်ဖြစ်စေပြီး သူတို့ သက်တမ်းကို ပိုမို ရှည်စေတဲ့ ကုထုံးသစ် တစ်ရပ်ကို  ဘေဂျင်းသိပ္ပံပညာရှင်တွေ ဖန်တီးထားတာပါ။ တွေ့ရှိချက်တွေအရ တစ်နေ့မှာ လူသားတွေကိုလည်း အလားတူကုထုံးနဲ့ ကုသနိုင်တော့မှာပါ။  နည်းလမ်းသစ်မှာ  ဆဲလ်တွေကို အိုမင်းရင့်ရော်စေတဲ့ အဓိက အရာလို့ သိပ္ပံပညာရှင်တွေ တွေ့ရှိထားတဲ့ kat7  ဆိုတဲ့ မျိုးဗီဇကို အသက်မဲ့သွားအောင် ပြုလုပ်တာ ပါဝင်ပါတယ်။ အဲဒီနည်းလမ်းကို   ဒီလအစောပိုင်းက သိပ္ပံဘာသာပြန် ဆေးပညာဂျာနယ်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။  သူတို့အသုံးပြုတဲ့ ထူးခြားမျိုးဗီဇကုထုံးနဲ့ ရလဒ်တွေဟာ ကမ္ဘာမှာ ပထမဆုံးဖြစ်တယ်လို့ ပရောဂျက်ရဲ့  ပူးတွဲကြီးကြပ်ရေးမှူး ပါမောက္ခ ကျူဂျင်းက ဆိုပါတယ်။  ကျူဂျင်းဟာ တရုတ်သိပ္ပံပညာအကယ်ဒမီ (CAS) ရဲ့   ဇီဝဗေဒဌာန အိုမင်းရင့်ရော်မှုနဲ့ တစ်ရှူးသစ် ဖြစ်ပေါ်ခြင်း ဆေးပညာ ကျွမ်းကျင်သူ တစ်ဦးဖြစ်ပါတယ်။  "မျိုးဗီဇကုထုံးသစ်အရ ၆ လကနေ ၈ လ အကြာမှာ  ကြွက်တွေဟာ ပုံပန်းသွင်ပြင် ပိုမို တင့်တယ်လာသလို အင်အားတွေလည်း ပိုကြီးလာပြီး  အရေးအကြီးဆုံးက သူတို့သက်တမ်း  ၂၅ ရာခိုင်နှုန်း ပိုရှည်လာတယ်"လို့ ကျူက ရှင်းပြပါတယ်။  ကြွက်တွေမှာ ဒီလိုရလဒ် ထွက်ပေမဲ့ လူသားတွေမှာ ဒီလို  စမ်းသပ်မှု အဆင်သင့်ဖြစ်ဖို့က  ကြာဦးမယ်လို့လည်း သူက ဆိုပါတယ်။  "အနာဂတ်မှာတော့ အိုမင်းရင့်ရော်တာကို ရာခိုင်နှုန်း နည်းနည်း ဖြစ်ဖြစ် လျှော့ချနိုင်မယ့် နည်းလမ်းကို ရှာတွေ့မယ်မျှော်လင့်တယ်"လို့  ကျူဂျင်းက ပြောပါတယ်။ 
9 months Ago
Up