ကုက္ကိုင်း ခုံးကျော်တံတား

A d v e r t i s e m e n t With Us

February 8, 2016

ကုက္ကိုင်း ခုံးကျော်တံတား ဖွင့်ပွဲ (ဓာတ်ပုံ)

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားဖွင့်ပွဲ အခမ်းအနားကို ဒီနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကုက္ကိုင်းခုံးကျော်တံတားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရံပုံငွေအစီအစဉ်နဲ့ Capital Development ကုမ္ပဏီက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကုက္ကိုင်းခုံးကျော်တံတား စီမံကိန်းအား ၂၀၁၅ ခုနှစ် သြဂုတ်လဆန်းပိုင်းမှာ လုပ်ငန်းများစတင် ဆောင်ရွက်ခွင့်ပြုခဲ့ပြီး တည်ဆောက်ချိန် ၆ လကျော်ခန့် ကြာမြင့်ခဲ့ပြီး ကုက္ကိုင်းတံတားကို ငွေကျပ် ၂၅ ဒသမ ၈ ဘီလျံ အကုန်အကျခံကာ လေးလမ်းသွား ခုံးကျော်တံတားကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up