ကီလောင်အဲ မီးတောင်

May 31, 2018

ကီလောင်အဲ မီးတောင်ချော်ရည်များ အမြင့်ပေ ၂၀၀ ကျော်အထိ ပန်းထွက်(ရုပ်သံ)

ကီလောင်အဲမီးတောင် အက်ကွဲကြောင်း အမှတ် ၈ က ချော်ရည်တွေဟာ အမြင့်ပေ ၂၀၀ ကျော်အထိ ပန်းထွက်နေပုံကို မေလ ၂၉ ရက်နေ့က မြင်တွေ့ရပါတယ်။ အဲဒီချော်ရည်တွေဟာ ကျွန်းရဲ့ အရှေ့မြောက်ပိုင်းဆီ ဦးတည်စီးဆင်းနေတယ်လို့ အမေရိကန်ဘူမိတိုင်းတာရေး အဖွဲ့က ပြောပါတယ်။ ကီလောင်အဲမီးတောင်ဟာ ၁၉၈၃ ခုနှစ်ကစလို့ ဆက်တိုက်ဆိုသလို ပေါက်ကွဲနေခဲ့ပြီး အိုးအိမ်အများအပြား ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
3 years Ago

May 21, 2018

ကီလောင်အဲ မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁ ဦး အပြင်းအထန် ဒဏ်ရာရ

အမေရိကန် ကီလောင်အဲ မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁ ဦး အကြီးအကျယ် ဒဏ်ရာရရှိခဲ့ပါတယ်။ အမေရိကန် ကီလောင်အဲ မီးတောင်ပေါက်ကွဲမှုကနေ ထွက်လာတဲ့ ချော်ရည်တွေဟာ ပစိဖိတ်သမုဒ္ဒရာထဲအထိ စီးဝင်းသွားခဲ့ပြီး၊  မေလ ၂၀ ရက်နေ့မှာ ချော်ရည်ကနေ ထွက်တဲ့ ဓာတ်ငွေ့တွေ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ အမှုန်အမွှားတွေကြောင့် ကျွန်းနေပြည်သူတွေအတွက် အသက်အန္တရာယ်ဖြစ်စေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အပူချိန် ၁ ထောင် ၉၃ ဒီဂရီ ဆဲစီးယပ် ထိရှိနိုင်တဲ့ ချော်ရည်တွေရဲ့ ပင်လယ်ရေနဲ့ ရောနှောသွားခဲ့ပြီး ညစ်ညမ်းမှုဖြစ်စေနိုင်တယ်လို့ ဟာဝိုင်ယီ အရပ်ဘက်ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up