ကီလောင်ဝဲ

A d v e r t i s e m e n t With Us

December 22, 2020

ကီလောင်ဝဲ မီးတောင်ပေါက်ကွဲ၊ ဒေသခံများ အပြင်မထွက်ကြရန် မေတ္တာရပ်ခံ

အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်မှာ ကီလောင်ဝဲမီးတောင်ရဲ့ တောင်ဘက် တောင်ခါးပန်းမှာ ငလျင်လှုပ်အပြီး ဒီဇင်ဘာ ၂၀ ညကစပြီး မီးတောင်ပေါက်ကွဲနေတယ်လို့ အမေရိကန် ဘူမိစစ်တမ်းဌာနက ပြောပါတယ်။ ကီလောင်ဝဲ မီးတောင်ရဲ့ တောင်ဘက် တောင်ခါးပန်းမှာ ဒေသစံတော်ချိန် ည ၁၀ နာရီခွဲလောက်က အင်အား ရစ်ချတ်တာစကေး ၄ ဒသမ ၄ ရှိတဲ့ ငလျင်လှုပ်ခဲ့တာလို့ ဟာဝိုင်ယီ မီးတောင်လေ့လာရေးဌာနက ပြောတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ဟာလေမောင်မောင် မီးတောင်အူကြောင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒေသခံတွေ နေအိမ်အခန်းတွင်းမှာ နေကြဖို့ ဟာဝိုင်ယီမြို့နယ် အရပ်ဘက် ကာကွယ်ရေးဌာနက တွစ်တာလူမှုကွန်ရက်ပေါ်ကနေ ဒီဇင်ဘာ ၂၁ ရက်မှာ မေတ္တာရပ်ခံထားပါတယ်။ လေက အနောက်တောင်ဘက်ကို တိုက်နေလို့ မီးတောင်ပြာတွေဟာ ကောင်ခရိုင်အတွင်း ဝုဒ်ဗေလီ ပါဟာလာ နားလေဟူနဲ့ အိုးရှင်းဗျူး ဒေသထဲကို ကျရောက်နိုင်တယ်လို့လည်း သတိပေး ထားပါတယ်။ ဟာလေမောင်မောင် မီးတောင်အူကြောင်း နံရံတွေမှာ အက်ကြောင်းရာ အတော်များများ ပွင့်ထွက်ခဲ့ပြီး မီးတောင် စတင်ပေါက်ကွဲခဲ့တာလို့ အမေရိကန် ဘူမိစစ်တမ်းဌာနက ဆိုပါတယ်။
2 months Ago
Up