ကီလိုစနစ်သုံး

March 29, 2018

ကီလိုစနစ်သုံးတက္ကစီများ ဧပြီ ၁ ရက် စတင်ပြေးဆွဲမည်

ခရီးသည်တွေအနေနဲ့ ဈေးနှုန်းမေးစရာမလိုဘဲ ကီလိုစနစ်နဲ့ ခရီးအကွာအဝေးအလျောက် ကျသင့်ငွေ ပေးချေရမယ့် တက္ကစီအငှားယာဉ်တွေ လာမယ့်  ဧပြီလ ၁ ရက်မှာ စတင်ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။ တက္ကစီအငှားကား ယာဉ်မောင်းတွေနဲ့ စုဖွဲ့ထားတဲ့ Kilo Taxi Group ကနေ စီစဉ် ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် ဦးလင်းလင်းထွန်းက ပြောပါတယ်။ “အဖွဲ့ဝင် တက္ကစီယာဉ် ၂၀၀ ဝန်းကျင် ရှိပါတယ်။ ဧပြီလ ၁ ရက်နေ့ တရားဝင် စတင်ပြေးဆွဲမှာပါ။ မတ်လထဲမှာ စမ်းသပ်ပြေးဆွဲနေပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ ခရီးသည်တွေအနေနဲ့ ကီလိုတက္ကစီကားပေါ် စတက်ချင်း ၁၃၀၀ ကျပ်နဲ့ ၁ ကီလိုသွားတိုင်း ငွေကျပ် ၃၀၀ ကျသင့်မှာဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့ချိန်၊ မီးပွိုင့်မိချိန်တွေအတွက် တခြားကောက်ခံမှု မရှိဘူးလို့ သိရပါတယ်။
3 years Ago
Up