ကီယွန်ဒိုင်ယာ

February 12, 2018

ငယ်စဉ်က လိင်ပိုင်းစော်ကားခံခဲ့ရဟု အင်္ဂလန်ကစားသမားဟောင်း ကီယွန်ဒိုင်ယာ ပြော

အင်္ဂလန်​အသင်းရဲ့​ ကစားသမား​ဟောင်း ကီရွန်​ဒိုင်​ယာဟာ ငယ်​စဉ်​က လိင်​ပိုင်းဆိုင်​ရာ ​စော်​ကားခံခဲ့ရဖူး​ကြောင်း ထုတ်​​ဖော်​​ပြောကြားခဲ့ပါတယ်​။ အသက်​ ၁၁ နှစ်​အရွယ်​တုန်းက ဒိုင်​ယာဟာ ဦး​လေးဖြစ်​သူ ကန်​နီရဲ့ လိင်​ပိုင်းဆိုင်​ရာ ​စော်​ကားမှုကို ခံခဲ့ရပြီး​ အဲဒီလို ကျူးလွန်​ခံခဲ့ရတာဟာ ဒိုင်​ယာအတွက်​ ဘဝကို ​ပြောင်းလဲ​ပေးသလို ဖြစ်​ခဲ့တယ်​လို့ ဆိုပါတယ်​။ ဒိုင်​ယာအသက်​ ၁၁ နှစ်​​လောက်​မှာ မိခင်​ဖြစ်​သူ အိမ်​မှာမရှိတဲ့အချိန်​ ဦး​လေးဖြစ်​သူက အဓမ္မကျင့်​ခဲ့တာဖြစ်​ပြီး​ မျက်​လုံး​တောင်​ ဖွင့်​မကြည့်​ရဲဘဲ စကားလည်းမ​ပြောနိုင်​၊ မလှုပ်​မရှက်​နိုင်​တဲ့အ​ခြေအ​နေမျိုး ကြုံ​တွေ့ခဲ့ရတယ်​လို့ ဆိုပါတယ်​။ ဒိုင်​ယာဟာ တချိန်​က နယူးကာဆယ်​အသင်းမှာ ​ခြေစွမ်းပြကစားခဲ့တဲ့ ကစားသမားတဦးဖြစ်​သလို နိုင်​ငံအတွင်းမှာလည်း လုပ်​ခလစာ အများဆုံးရရှိတဲ့ ကစားသမား ဖြစ်​ခဲ့ပါတယ်​။ ၂၀၀၂ ကမ္ဘာ့ဖလား၊ ၂၀၀၄ ယူရိုဖလားတို့ကို ကစားခဲ့ဖူးပြီး​ နယူးကာဆယ်​အသင်း​ဖော် ​လီ​ဘောင်​ယာနဲ့ ပွဲအတွင်း ထိုးကြိတ်​မှု​ကြောင့်​ နာမည်​ကြီးခဲ့သူလည်း ဖြစ်​ပါတယ်​။ ​ဒိုင်​ယာဟာ ကျူးလွန်​ခံရမှုကို နှစ်​​ပေါင်းများစွာ မျိုသိပ်​ထားခဲ့ရသလို အိပ်မက်​ဆိုး​တွေ မက်​​လေ့ရှိပြီး​ ဖခင်ဖြစ်သူ​​ကို ဖွင့်​​ပြောရင်​ ​ဦး​လေးကိုသတ်​ပြီး ​ထောင်​ကျမှာစိုးတာ​ကြောင့်​ ဖွင်​မ​ပြောခဲ့ဘူးလို့ ဆိုပါတယ်​။
4 years Ago
Up