ကီတာ

November 3, 2020

အတ္တလန္တာနှင့် ကစားမည့် လီဗာပူးလူစာရင်းတွင် နောက်ခံလူ မာတစ်နှင့် ကီတာတို့ ပါဝင်

အတ္တလန္တာနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ် လူစာရင်းမှာ လီဗာပူးနောက်ခံလူ မာတစ်နဲ့ ကွင်းလယ်လူ ကီတာတို့ ပြန်လည်ကစားနိုင်မှာ ဖြစ်ပါတယ်။ လီဗာပူး ဗဟိုခံစစ်မှာ ဗန်ဒိုက်နဲ့ ဖာဘင်ညိုတို့ ဒဏ်ရာရရှိနေတာကြောင့် ဂျိုးဂိုမက်ဇ် တစ်ဦးသာ ရှိနေတာပါ။  ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ လူငယ်နောက်ခံလူ ဖိလစ်ကို အသုံးပြုခဲ့ရတဲ့ လီဗာပူးအသင်းနဲ့ အတ္တလန္တာနဲ့ အဝေးကွင်းပွဲစဉ်မှာတော့ မာတစ် ပါဝင်ကစားနိုင်မှာဖြစ်သလို ကွင်းလယ်လူ ကီတာလည်း လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်ကတော့ အတ္တလန္တာက လီဗာပူးအသင်းအတွက် ကြီးမားတဲ့ ပြိုင်ဘက် ဖြစ်တယ်လို့ ပွဲမတိုင်ခင်မှာ ပြောထားပါတယ်။ အုပ်စုတွင်းမှာ လီဗာပူးက ၂ ပွဲ ကစား၊ ၂ ပွဲနိုင် - ရမှတ် ၆ မှတ်၊ အတ္တလန္တာက ၁ ပွဲ နိုင်၊ ၁ ပွဲ သရေ - ရမှတ် ၄ မှတ် ရရှိထားပါတယ်။
1 year Ago

June 28, 2018

လီဗာပူးသို့ ပြောင်းရွှေ့ခဲ့သည့် ကီတာ ကျောနံပါတ် ၈ ဝတ်ဆင်ရမည်

ကွင်းလယ်ကစားသမား နာဘီ ကီရာတာဟာ လီဗာပူးအသင်းမှာ စတီဗင်ဂျရတ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၈ ကို ဝတ်ဆင်ရမှာပါ။ ဒါဟာ ၂ဝ၁၄ မှာ လီဗာပူးကနေ စတီဗင်ဂျရတ် ထွက်ခွာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ကျောနံပါတ် ၈ ကို ဝတ်ဆင်ခွင့်ရတာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကီရာတာကို လီဗာပူးအသင်းက ဂျာမန်ကလပ် လိုက်ဇစ်ကနေ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ ပေါင် ၄၈ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီထားတာပါ။ အသက် ၂၃ နှစ်အရွယ် ဂီနီလက်ရွေးစင်ရဲ့ အပြောင်းအရွှေ့ကို လာမယ့် တနင်္ဂနွေနေ့မှာ အပြီးသတ်ဖို့ ရှိပါတယ်။ လီဗာပူးအသင်းကတော့ ကီရာတာကို နှစ်ရှည်စာချုပ်နဲ့ ခေါ်ယူထားတာလို့ ပြောပါတယ်။ သူဟာ လိုက်ဇစ်မှာ ကစားတဲ့ ၂ ရာသီအတွင်း ကစားတဲ့ ၇၁ ပွဲမှာ ၁၇ ဂိုး သွင်းယူထားပါတယ်။
3 years Ago
Up