ကို‌ဗစ်-၁၉

August 5, 2021

သီပေါမြို့နယ်၌ တစ်လကျော်အတွင်း ကို‌ဗစ်-၁၉ ‌ရောဂါဖြင့် သေဆုံးသူ ၄၄ ဦး ရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ ကိုဗစ်-၁၉ နဲ့ သေဆုံးသူ ၄၄ ဦး အထိ ရှိလာပြီလို့ စစ်ကောင်စီကျန်းမာရေးဌာနရဲ့စာရင်းဇယားတွေအရ သိရပါတယ်။

သီပေါမြို့နယ်အတွင်း ကိုဗစ်တတိယလှိုင်းကူးစက်မှုဟာ လျော့ကျမသွားဘဲ ဇူလိုင်လက စလို့ နေ့စဉ် စစ်ဆေးမှုရဲ့  ၇၀  ရာခိုင်နှုန်း‌ကျော်မှာ ပိုး တွေ့ရှိနေတာဖြစ်ပါတယ်။ 

ဇူလိုင် ၂၂ ရက်ကနေ ဩဂုတ် ၄ ရက်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၈၃၆ ဦးရှိပြီး အဲဒီထဲက ၄၄ ဦး သေဆုံးသွားတာ ဖြစ်ပါတယ်။ 

ရောဂါသက်သာလို့ ဆေးရုံဆင်းခွင့်ရသူကတော့  ၆၀၉ ဦးရှိတယ်လို့ စာရင်းအရ သိရပါတယ်။ 

သီပေါမြို့နယ်က ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်ခံရသူတွေနဲ့ ကုသမှုပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဒေသခံအရပ်ဘက်လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းကူညီပေးနေပါတယ်။

4 months Ago
Up