ဇွန် ၁၅ ရက်နေ့အတွက် ဓာတ်ခွဲနမူ ၂၀၉၁ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရှိဘဲ လူနာဟောင်းထဲက နှစ်ကြိမ်ဆက် ပိုးမတွေ့သူ ၈ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၁,၁၂၃ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၁၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၃၇၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၆၇ ခုနဲ့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) က ဓာတ်ခွဲနမူနာ ၁၁၉ ခု၊ စုစုပေါင်း ၂,၀၉၁ ခုအား စစ်ဆေးပြီးစီးခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၂ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက လူနာအမှတ် ၁၂၉, ၁၃၅, ၁၃၆,၁၅၈,၁၅၉,၁၆၀,၂၀၂ နဲ့ ၂၁၈ တို့ကို စစ်ဆေးချက်အရ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိဘူးတာကြောင့် ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၇၅ ဦးရှိပြီလို့ ဆိုပါတယ်။
အဲဒီထဲက ၁၆၀ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေပါတယ်။
ဇွန် ၁၄ ရက်နေ့၊ မွန်းတည့် ၁၂ နာရီမှ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ စောင့်ကြည့်လူနာအသစ် ၃၅ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
9 months Ago