ကိုးမန်းပြော

November 21, 2020

မက်ဆီအနာဂတ်ကို ကစားသမားကိုယ်တိုင် ဆုံးဖြတ်ရမည်ဟု နည်းပြ ကိုးမန်းပြော

မက်ဆီရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ကစားသမားကိုယ်တိုင်က ဆုံးဖြတ်ရမယ်လို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ပြောပါတယ်။  နိုဝင်ဘာ ၂၂ ရက် တနင်္ဂနွေနံနက်ပိုင်းမှာ ကစားမယ့် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မက်ဆီရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းကို နည်းပြ ကိုးမန်းက ပြန်လည်ဖြေကြားခဲ့တာပါ။  ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းက စပိန်းနည်းပြ ဂွါဒီယိုလာကို ၂ နှစ်သက်တမ်း တိုးလိုက်တာကြောင့် မက်ဆီရဲ့အနာဂတ်က မန်စီးတီးအသင်းဆီ ဦးတည်နိုင်တယ်လို့ သုံးသပ်မှု တွေ ရှိနေတာပါ။  ဘာစီလိုနာနည်းပြ ကိုးမန်းကတော့ မက်ဆီက ဘာစီလိုနာအတွက် မယုံကြည်နိုင်စရာ ကောင်းလောက်တဲ့ အောင်မြင်မှုတွေ လုပ်ဆောင်နိုင်ခဲ့လို့ အသင်းမှာဆက်ကစားဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။  ဒါပေမဲ့ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးအပြီးမှာတော့ အနာဂတ်နဲ့ ပတ်သက်လို့ အဓိကဆုံးဖြတ်ရမှာက မက်ဆီကိုယ်တိုင်သာဖြစ်တယ်လို့ နည်းပြ ကိုးမန်းက သုံးသပ်ခဲ့ပါတယ်။  အက်သလက်တီကိုနဲ့ ကစားမယ့် ဘာစီလိုနာအသင်းမှာ လူငယ်တိုက်စစ်မှူး အန်းဆုဖက်တီ လွဲချော်မှာဖြစ်ပြီး ကွင်းလယ်လူ ဘူးစကွက်စ်လည်း ပါဝင်နိုင်မှာမဟုတ်ကြောင်း နည်းပြ ကိုးမန်း က အတည်ပြုခဲ့ပါတယ်။
2 years Ago
Up