ကိုးမန်

December 3, 2020

ဘာစီလိုနာအသင်း ကြီးမားသည့်အပြောင်းအလဲတစ်ခုဖြစ်လာဟု နည်းပြကိုးမန်းသုံးသပ်

ဘာစီလိုနာအသင်းဟာ ဒီကနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ဖီရန်ဘာရို့စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၃ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့အတွက် ရာသီအစအခြေအနေထက်စာရင် အသင်းမှာ အပြောင်းအလဲကြီးကြီးမားမားကို မြင်တွေ့ နေရပြီလို့ နည်းပြ ကိုးမန်းကပြောပါတယ်။  အုပ်စု G မှာရာနှုန်းပြည့်နိုင်ပွဲရရှိထားတဲ့ဘာကာအသင်းဟာ လာမယ့် အင်္ဂါနေ့ နူးကမ့်ကွင်းမှာ ဂျူဗင်တပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီးဒီပွဲကိုသာနိုင်မယ်ဆိုရင် ၂၀၀၂-၂၀၀၃ နောက်ပိုင်း အုပ်စုပွဲစဉ်အားလုံးကို ရာနှုန်းပြည့် နိုင်တဲ့စံချိန်ကိုလည်း လိုက်မီမှာ ဖြစ်ပါတယ်။  ဒါပေမဲ့ ကိုးမန်းရဲ့အသင်းဟာ လာလီဂါမှာတော့ ရုန်းကန်နေရပြီး ထိပ်ဆုံးက ဆိုစီဒက်အသင်းနဲ့ ၁၂ မှတ်ကွာဟနေပါတယ်။  အဖွင့်ပွဲစဉ် ၉ ပွဲမှာ ၃ ပွဲရှုံး၊ ၂ ပွဲသရေရရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာတော်တော်လေး ကွဲပြားမှုရှိလာပြီလို့ ကိုးမန်က ဘရိတ်ဝိတ်ရဲ့ဒုတိယသွင်းဂိုးကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။   ဒီဂိုးမှာ ဘာသာအသင်းသားတွေ ပေးပို့မှုပေါင်း ၃၃ ကြိမ် ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒါဟာ အခုရာသီ ချန်ပီယံလိဂ်မှာပေးပို့မှုအများဆုံးသွင်းဂိုလည်း ဖြစ်ပါတယ်။  “အခု တလော ကွဲပြားမှုတွေ မြင်တွေ့လာရပါတယ်။ခံစစ်ပိုင်းမှာ တိုးတက်လာဖို့ ရှိနေသေး ပေမဲ့ လမ်းကြောင်းမှန်ကို တဖြည်းဖြည်းရောက်လာကာ ဒီအတိုင်းဆက်လက် တိုးတက်သွားဖို့ မျှော်လင့်ပါတယ်။ ခြားနားချက်က အသင်းဟာ ပွဲတွေမှာ ပိုပြီးထိထိရောက်ရောက်ဖြစ်လာတာပါ။ အရေးကြီးဆုံးက နောက်တစ်ဆင့်ကို ရောက်ဖို့ ဖြစ်ပေမဲ့ ၆ ပွဲလုံးကိုသာ နိုင်တယ်ဆိုရင်ဒါဟာ တကယ့်သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာမှာပါ”လို့ ကိုးမန်းက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။  ဒီပွဲမှာ ဘာကာအသင်းအတွက် အနိုင်ဂိုးတွေကို ဂရစ်ဇ်မန်းနဲ့ ဒမ်ဘီလီတို့က သွင်းယူ ပေးခဲ့တာဖြစ်ပြီး ဒမ်ဘီလီရဲ့ ခြေစွမ်းပြနိုင်မှုကိုလည်း အထင်ကြီးမိတယ်လို့ ကိုးမန်းပြောပါတယ်။
2 years Ago

November 8, 2020

မက်ဆီကို ပွဲထွက်စာရင်း အသုံးမပြုခဲ့မှု နည်းပြရော်နယ်ကိုးမန်း ဖြေရှင်း

ရီးရဲလ်ဘက်တစ်နဲ့ပွဲမှာ မက်ဆီကို ပွဲထွက် အသုံးမပြုခဲ့တာက လုံလောက်တဲ့ ကြံ့ခိုင်မှုမရှိတာကြောင့်ဖြစ်တယ်လို့ နည်းပြကိုးမန်းက ပြောပါတယ်။  မက်ဆီဟာ ဘက်တစ်နဲ့ပွဲမှာ ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားခဲ့ပေမယ့် အနိုင်ဂိုး ၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။  လီယိုဟာ ဒိုင်နမိုကိဗ်နဲ့ ချန်ပီယံလိဂ်ပွဲကစားခဲ့ရလို့ အနည်းငယ်ပွဲပန်းခဲ့ပြီ ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်မနေခဲ့ဘူးလို့ နည်းပြကိုးမန်းက ပြောပါတယ်။  အရန်ခုံမှာထားခဲ့ရတာက သူ့ကိုလိုအပ်လို့ဖြစ်ပြီး ကြံ့ခိုင်မှုကောင်းနေမယ်ဆိုရင် ပွဲထွက်လူစာရင်းမှာ အသုံးပြုမယ်လို့လည်း ကိုးမန်းက ပွဲအပြီးမှာ ဖြေရှင်းခဲ့ပါတယ်။  ပြီးခဲ့တဲ့ တပတ်က ဒီပို့တီဗိုနဲ့ပွဲမှာ တိုက်စစ်ပိုင်းအားမရကြောင်း ဝေဖန်ခဲ့တဲ့ ရော်နယ်ကိုးမန်း ဟာ ဘက်တစ်နဲ့ ပွဲမှာတော့ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပြီး ၅ ဂိုးအထိ သွင်း ယူနိုင်ခဲ့လို့ ကျေနပ်ပျော်ရွှင်ကြောင်း ပြောပါတယ်။ 
2 years Ago
Up