ကိုးမန်း

June 4, 2019

ဟော်လန်အသင်းတွင် ဥရောပအကောင်းဆုံး နောက်ခံလူ ၂ ဦးရှိဟု နည်းပြ ပြော

ဟော်လန်အသင်းမှာ ဥရောပရဲ့ အကောင်းဆုံး နောက်ခံလူနှစ်ဦး ရှိနေပြီလို့ နည်းပြ ရော်နယ်လ်ကိုးမန်းက ပြောကြားလိုက်ပါတယ်။ ဟော်လန်လက်ရွေးစင်အသင်းဟာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်နဲ့ အေဂျက်နောက်ခံလူ ဒီလစ်တို့ ရှိနေတာကြောင့် ဥရောပရဲ့ အကောင်းဆုံး နောက်ခံလူတွေ ဖြစ်တယ်လို့ ကိုးမန်းက ပြောကြားလိုက်တာပါ။ သူတို့နှစ်ဦးဟာ အရည်အသွေးရှိတဲ့ ကစားသမားတွေတင် မဟုတ်ဘဲ ထိပ်တန်းအဆင့်ရှိ နောက်ခံလူတွေ ဖြစ်တယ်လို့ ကိုးမန်းက ဆိုပါတယ်။ ဒါ့အပြင် အသင်းတသင်းကို တည်ဆောက်ရာမှာ အိမ်တလုံးလိုပဲ အောက်ခြေကနေ စတင်တည်ဆောက်ရမှာဖြစ်ပြီး အိမ်ခေါင်မိုးကနေ စတင်တည်ဆောက်လို့ မရကြောင်းလည်း ပြောကြားခဲ့ကာ ဗန်ဒိုက်နဲ့ ဒီလစ်တို့နှစ်ဦးကို အခြေခံပြီး တည်ဆောက်ရမှာ ဖြစ်တယ်လို့ နည်းပြ ကိုးမန်းက ဆိုပါတယ်။ ဟော်လန်အသင်းဟာ နေရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လာမယ့် ကြာသပတေးနေ့မှာ အင်္ဂလန်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
2 years Ago

February 17, 2019

တိုက်စစ်မှူး ကိုးမန်း လီဗာပူးနှင့်ပွဲအတွက် ကြံ့ခိုင်မှုရှိဟု ဘိုင်ယန်ပြော

တိုက်စစ်မှူး ကင်စလေ ကိုးမန်းဟာ လီဗာပူးနဲ့ ကစားမယ့် ချန်ပီယံလိဂ် ရှုံးထွက် ပထအကျော့ ပွဲစဉ်အတွက် ကြံ့ခိုင်မှုရှိတယ်လို့ ဘိုင်ယန်မြူးနစ် အသင်းက ကြေညာလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကိုးမန်းဟာ အော့စ်ဘတ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ သောကြာနေ့က ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာပါ။ အဲဒီပွဲကို တိုက်စစ်မှူး ကိုးမန်း ကိုယ်တိုင်လည်း ၂ ဂိုး သွင်းယူခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် အင်္ဂါနေ့မှာ ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်အဖြစ် အဝေးကွင်းမှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမှာပါ။
2 years Ago
Up