မောင်တောမြို့နယ်၊ ကိုးတန်ကောက်ရဲကင်းစခန်းအား အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၂ ဦး ထပ်ဖမ်းမိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
အောက်တိုဘာ ၂၈ ရက်မှာ ဖမ်းဆီးရမိခဲ့တဲ့ အာယုပ် (ဘ) ကာလီဟူဆောင်း ရဲ့ ထွက်ဆိုချက်အရ နိုဝင်ဘာ ၅ ရက်မှာ တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ကိုးတန်ကောက်ရွာအတွင်း ၀င်ရောက်ရှင်းလင်းခဲ့ရာမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၂ ဦးဖြစ်တဲ့ ဆော်လီမူလာ(ဘ)မာမွတ်ရှော်ရီနဲ့ မာမွတ်နော်ဘီ(ဘ)နော်ဟီဟူဆောင်း တို့ကို ကိုးတန်ကောက်ရဲကင်းစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူနဲ့ မသင်္ကာသူပေါင်း ၁၀၀ ကျော်ကို အစိုးရက ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။
6 years Ago