ကိုးကန့်စစ်ပွဲတွင် အရပ်သား ၅ ဦး ဒဏ်ရာရမှု တရုတ်ကန့်ကွက်

July 11, 2015

ရွှေတုံးအတု လိမ်လည်ရောင်းချသူ တရုတ် ၃ ဦးကို ဖမ်းဆီး

ရွှေတုံးအတုတွေ လိမ်လည်ရောင်းချသွားတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ဖော်ထုတ် ဖမ်းဆီး ရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၂ ဦးရဲ့ လှုပ်ရှားမှုတွေကို လိုက်လံစောင့်ကြည့်ခဲ့ပြီး စစ်ဆေးခဲ့ရာမှာ သူတို့ သယ်ဆောင်လာတဲ့ အိတ်အတွင်း မြန်မာငွေ ကျပ်သိန်း ၁၂၀၀ နဲ့ အမေရိကန်ဒေါ်လာ ၁ သိန်းကို တွေ့ရှိခဲ့တယ်လို့ ဇူလိုင် ၁၁ ရက် နေ့စွဲနဲ့ ရန်ကုန် ရဲတပ်ဖွဲ့ရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။ တရုတ်နိုင်ငံသား ၂ ဦးကို ဆက်လက် စစ်ဆေးမေးမြန်းချက်အရ ဒီငွေကြေးတွေကို သူတို့ ပိုင်ဆိုင်ကြောင်း အထောက်အထား မပြနိုင်သလို တခြား တရုတ်နိုင်ငံသားတဦး ထပ်မံပါဝင်တယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီငွေတွေဟာ ဇူလိုင် ၈ ရက်က အလုံမြို့နယ်၊ ဌာနရပ်ကွက်အတွင်းရှိ နေအိမ်တအိမ်မှာ ရွှေလို့ထင်ရတဲ့ အတုံး ၂၁၉ တုံးနဲ့ အန်းကုံးရုပ် ၆ ခုတို့ကို အမေရိကန်ဒေါ်လာ ၁ သိန်း၊ မြန်မာငွေကျပ်သိန်း ၁၂၀၀ နဲ့ လိမ်လည်ရောင်းချခဲ့ရာက ရရှိတဲ့ ငွေတွေ ဖြစ်တယ်လို့ စုံစမ်းသိရှိရပြီး အလုံမြို့မ ရဲစခန်းက အမှုဖွင့်ထားတယ်လို့ ရေးသားထားပါတယ်။ အခု ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ၃ ဦးဟာ မေလက ဗိုလ်တထောင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အလားတူ လိမ်လည်မှုကို ပြစ်မှုကျူးလွန်သူတွေ မဟုတ်ဘဲ သီးခြားတဖွဲ့က ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - Yangon Police  
6 years Ago

June 13, 2015

တရုတ်အဆင့်မြင့်အရာရှိဟောင်း အမေရိကန်တွင် ခိုလှုံခွင့်လျှောက်

ခြစားမှုတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးသူတွေ ရှာဖွေနေတဲ့ တရုတ်အဆင့်မြင့်အရာရှိဟောင်းတဦးဟာ သူထိန်းသိမ်းခံထားရတဲ့ အမေရိကန်ုပြည်ထောင်စုမှာ ခိုလှုံခွင့် လျှောက်ထားလိုက်ပြီလို့ နိုင်ငံပိုင်မီဒီယာ ဆင်ဟွာ သတင်းဌာနမှာ ဇွန် ၁၁ ရက်က ဖော်ပြပါတယ်။ တရုတ်ပြည်အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်က ၀မ်ကျိုးမြို့ ဒုတိယမြို့တော်ဝန်ဟောင်း ယန်ရှိုကျူဟာ ပြီးခဲ့တဲ့လက အမေရိကန် ပြည်ထောင်စုမှာ အချုပ်ကျနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အကျင့်ပျက်ခြစားသူ ၁၀၀ စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေတဲ့ ယန်ရှိုကျူဟာ ပြည်ပမှာ ရောက်ရှိနေတယ်လို့ ပြည်သူတွေက ယူဆထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ရဲ့ အနီရောင် သတိပေးချက်အဆင့် ရှိနေသူဖြစ်ပါတယ်။ သူဟာ နယူးယောက် တရားရုံးတခုမှာ ခိုလှုံခွင့် လျှောက်ထားလိုက်တာလို့ တရုတ်အစိုးရရဲ့ တရားဝင်သတင်းဌာန ဆင်ဟွာက ပြောပါတယ်။ ဆင်ဟွာသတင်းထောက်ကတော့ လိမ္မော်ရောင် ထောင်ဝတ်စုံ ၀တ်ထားပြီး ဆံပင်တိုတို မျက်နှာဖောင်းဖောင်းနဲ့ ယန်ကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ဟာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးမှာ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ဟုန်လေက ပြောပါတယ်။ တရုတ်နိုင်ငံဟာ စီးပွားရေးပြစ်မှု ကျူးလွန်သူတွေ ခိုနားရာ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံ၊ နယ်သာလန်နိုင်ငံတွေနဲ့ တရားခံတွေ ပြန်လွှဲပြောင်းတဲ့ သဘောတူစာချုပ် ချုပ်ဆိုထားခြင်း မရှိသေးပါဘူး။ ဒီအမှုကြောင့် တရုတ်အစိုးရရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ ကြီးကျယ်တဲ့ကိစ္စရပ် ဖြစ်တဲ့ ပြစ်မှုကျူးလွန်ရာ တိုင်းပြည်ကို တရားခံ ပြန်လွှဲပေးပေးရေး သဘောတူညီမှုတစ်ရပ်ကို အမေရိကန်အစိုးရနဲ့ တရုတ်အစိုးရတို့ ဆွေးနွေးကြဖို့ တွန်းအားတခု ဖြစ်လာပါတယ်။ ယန်ဟာ ၂၀၀၃ ခုနှစ်မှာ စင်ကာပူကို ပထမဆုံးအကြိမ် ထွက်ပြေးပြီး၊ နာမည်ပြောင်းလိုက်ပြီးနောက်မှာ နယူးယောက်ကို ထွက်သွားပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ အမ်စတာဒမ်မှာ ထိန်းသိမ်းခံခဲ့ရပြီး၊ နယ်သာလန်အစိုးရနဲ့ ညှိနှိုင်းရာမှာ အချိန်တွေကြာမြင့်ခဲ့ပြီး တရုတ်အစိုးရက ပြန်လွှဲမယူနိုင်ခဲ့ပါဘူး။ အမေရိကန်ပြည်ထောင်စုကို ဘယ်လိုရောက်သွားတယ်ဆိုတာတော့ မရှင်းလင်းသေးပါဘူး။ ၂၀၁၃ မှာ တရုတ်သမ္မတ ရှီကျင်းပင်း တက်လာချိန်ကစပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို အရှိန်အဟုန်နဲ့ လုပ်ဆောင်လာခဲ့ပြီးနောက်မှာ လာဘ်စားသူအရာရှိတွေကို မရေမတွက်နိုင်အောင် ချုပ်နှောင်ခဲ့ပြီး ပြည်ပက ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူခဲ့ပါတယ်။
6 years Ago
More News
Up