ကိုအောင်ကျော်ဦး

May 14, 2021

Tomorrow ဂျာနယ် သတင်းထောက် ကိုအောင်ကျော်ဦး ဖမ်းဆီးခံရ

မကွေးတိုင်း ရေနံချောင်းမြို့က  Tomorrow ဂျာနယ် သတင်းထောက် ကိုအောင်ကျော်ဦးကို မေ ၁၃ ရက် နေ့လယ်ပိုင်းက စျေးထိပ်မှာ မီနီအိုးဝေယာဉ်မောင်းနေစဉ် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်ကိုအောင်ကျော်ဦးဟာ သတင်းရေးသားတာကို ရပ်နားထားပြီး သူ့ရဲ့ Facebook Page မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု သတင်းတွေ ရေးသားတာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။

ကိုအောင်ကျော်ဦးကို ရေနံချောင်းမြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီးတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားပါတယ်။

7 months Ago
Up