ကိုအောင်ကောင်းမိုး

March 16, 2021

ရဲနှင်စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ CB ဘဏ်ရုံးအကူဝန်ထမ်းကို ရေဝေးသုသာန်တွင် သင်္ဂြိုဟ်

ဒဂုံမြို့သစ်မြောက်ပိုင်း မဝတမှတ်တိုင်အနီး မတ် ၁၄ ရက်က ပြုလုပ်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်မှာ ကျဆုံးခဲ့သူ ကိုအောင်ကောင်းမိုးရဲ့အလောင်းကို ဒီနေ့ ၁၁ နာရီက  ရေဝေးသုသာန်မှာ သင်္ဂြိုလ်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကိုအောင်ကောင်းမိုးဟာ ည ၈ နာရီကျော်အချိန်က သပိတ်မှာ အင်အားနည်းလို့ သွားရောက်ခဲ့တာဖြစ်ပြီး စစ်တပ်နဲ့ရဲက ပစ်လို့ ခေါင်းကို ထိမှန်ခဲ့တာပါ။

သူဟာ CB ဘဏ်က ရုံးအကူဝန်ထမ်းဖြစ်ပြီး မိဘနှစ်ပါးနဲ့ အမဖြစ်သူတို့နဲ့အတူ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ဗိုလ်ချိန်လမ်းမှာ နေထိုင်ပါတယ်။

2 years Ago
Up