ကိုဝဏ္ဏဌေး

March 16, 2021

ရွာမရဲစခန်းအနီး ကျည်ထိမှန်ကျဆုံးသူ ကိုဝဏ္ဏဌေးကို ရေဝေးသုသာန်မှာ သင်္ဂြိုလ်

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ မတ် ၁၄ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူတွေကို စစ်တပ်က သွားရောက်တိုက်ခိုက်ချိန် အင်းစိန် ရွာမရဲစခန်းကို သွားဝိုင်းရာမှာ ပါဝင်ခဲ့ပြီး ကျည် ၂ ချက် ထိမှန်ကျဆုံးခဲ့သူ ကိုဝဏ္ဏဌေးကို ဒီနေ့ နေ့လယ်က ရေဝေး သုသာန်မှာ သင်္ဂြိုလ်ခဲ့ပါတယ်။

သူဟာ အဲဒီနေ့ ညနေပိုင်းက နှလုံးနေရာ ရင်ဘတ်နဲ့ ချိုင်းအောက်ဘက် ၂ နေရာ ကျည်ထိ မှန်တာဖြစ်ပြီး ဆေးရုံပေါ်မှာ ရှိနေတုန်း အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတ လက် ၃ ချောင်း ထောင်ပြခဲ့ပါသေးတယ်။

9 months Ago
Up