ကိုဝင်းထွန်းကို ကြံ့ခိုင်ရေးပါတီ ဂုဏ်ပြု

April 18, 2017

အပျော်တမ်း ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲ ချန်ပီယံဆုရှင် ကိုဝင်းထွန်းကို ကြံ့ခိုင်ရေးပါတီ ဂုဏ်ပြု

လက်ရည်စံနှုန်း ၂၃၀၀ အောက် အပျော်တမ်း ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဆု ရရှိခဲ့တဲ့ မြန်မာ့စစ်တုရင် ကစားသမား ကိုဝင်းထွန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဂုဏ်ပြုငွေ ကျပ် ၁၀ သိန်း ချီးမြှင့်လိုက်ပါတယ်။ အီတလီနိုင်ငံ၊ စပိုလေတိုမြို့မှာ ကျင်းပတဲ့ အပျော်တမ်း ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၇ နိုင်ငံက သက်ဆိုင်ရာ ချန်ပီယံ ၆၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကိုဝင်းထွန်းက ၇ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲရှုံး ရလဒ်နဲ့ ချန်ပီယံဖြစ်ခဲ့တာပါ။ ကိုဝင်းထွန်းရဲ့ ချန်ပီယံဆုရရှိပြီး အပြန်ခရီးကို ပရိသတ်တွေ မသိရှိခဲ့ဘဲ အမျိုးမျိုး ဝေဖန်သုံးသပ်မှုတွေ ရှိခဲ့ပေမယ့် ကိုဝင်းထွန်းကတော့ လိုချင်တဲ့ဆုကိုရပြီး အိမ်ကို ချောချောမွေ့မွေ့ ပြန်လာနိုင်ခဲ့တာကိုပဲ ကျေနပ်မိတယ်လို့ ဆိုခဲ့ပါတယ်။ ကိုဝင်းထွန်းဟာ အခုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် ဆုကြေး ယူရို ၁၀၀၀ နဲ့အတူ နောက်နှစ် အီတလီနိုင်ငံ ကယ်ဂရယ်လီမြို့မှာ ကျင်းပမယ့် ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲကို နေစရိတ်၊ စားစရိတ်၊ ပြိုင်ပွဲဝင်ကြေးမပေးရဘဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - ထက်လူ
4 years Ago
Up