ကိုလံဘီယာ သမ္မတ ဂျူအန် မန်နူရယ်ဆန်တို့စ်ကို အခု ၂၀၁၆ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ရွေးချယ်ပေးအပ်ချီမြှင့်လိုက်ပါတယ်။
နှစ်ပေါင်း ၅၀ ကျော်ကြာ တိုင်းပြည်ရဲ့ကာလရှည်ကြာပြည်တွင်းစစ်ကို အဆုံးသတ်အောင် ကြိုးပမ်းအားထုတ်ခဲ့မှုအတွက် ရွေးချယ်ပေးအပ်တာလို့ နော်ဝေ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ဒီကနေ့ ကြေညာလိုက်ပါတယ်။
ကိုလံဘီယာ အစိုးရနဲ့ FARC သူပုန်တွေအကြား ၁၉၆၄ နှစ်က စတင်ခဲ့တဲ့ ပြည်တွင်း စစ်မှာ ကိုလံဘီယာ ပြည်သူလူထု အနည်းဆုံး ၂သိန်းခွဲလောက် အသက်ပေးသွားခဲ့ကြရ တာဖြစ်ပြီး လူပေါင်း ၆ သန်းလောက် နေစရာမဲ့ဖြစ်ခဲ့ကြရတာပါ။
သမ္မတဆန်တို့စ်ရဲ့ ၄ နှစ်ကြာလောက် သူပုန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြိုးပမ်းမှုတွေအပြီး ပြီးခဲ့တဲ့လက အပစ်အခတ်ရပ်စဲငြိမ်းချမ်းရေး သဘောတူညီမှုရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီငြိမ်းချမ်ရေး သဘောတူညီချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပတဲ့ ဆန္ဒခံယူပွဲမှာတော့ ကိုလံဘီယာပြည်သူတွေက ပယ်ချထားပါတယ်။
4 years Ago