ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကိုလံဘီယာနိုင်ငံမှာ တက္ကသိုလ်တွေရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားတွေကို ရပ်ဆိုင်းထားရပေမယ့် တက္ကသိုလ်တခုကတော့ ရိုဘော့စက်ရုပ် အသုံးပြုပြီး ကျောင်းသားတွေကို အွန်လိုင်းကနေ ဘွဲ့ပေးအပ်ခဲ့ပါတယ်။
Magdalena မက်ဒလီနာတက္ကသိုလ်ဟာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ရိုဘော့စက်ရုပ်နဲ့ ကျင်းပပြီး ကျောင်းသားတွေက အိမ်ကနေ အင်တာနက်ချိတ်ဆက်ပြီး အဝေးရောက် ဘွဲ့ယူနေကြတာပါ။
ရင်ဘတ်နေရာမှာ တက်ဘလက်တခုပါတဲ့ ရိုဘော့စက်ရုပ်က ဘွဲ့ပေးမယ့် ပါမောက္ခရှေ့မှာ ရပ်ချိန်မှာ ဘွဲ့ယူမယ့်ကျောင်းသားက အိမ်ကနေ သူ့မျက်နှာပြပြီး ဘွဲ့လက်ခံရယူရတာကို သတင်းမှာ ဖော်ပြထားပါတယ်။
ကိုလံဘီယာဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ အတည်ပြုလူနာ ၄၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူကတော့ ၂၀၀ နီးပါး ရှိထားတယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။
3 years Ago