ကိုလံဘီယာနယ်စပ်

June 11, 2020

ကိုလံဘီယာနယ်စပ်တွင် ပိတ်မိနေသည့် ဗင်နီဇွဲလားရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ခွင့်ရ

ကိုလံဘီယာနယ်စပ်မှာ သောင်တင်နေတဲ့ ဗင်နီဇွဲလားရွှေ့ပြောင်းလုပ်သားတွေဟာ ဇွန်လ ၁၀ ရက်မှာတော့ ဇာတိနိုင်ငံထဲ ပြန်ဝင်ခွင့်ရခဲ့ပါတယ်။ ဗင်နီဇွဲလားရွှေ့ပြောင်းလုပ်သား ၃၀၀ လောက်ဟာ ကိုလံဘီယာနယ်စပ်ကနေ နိုင်ငံထဲပြန်ဝင်ခွင့်ရ ခဲ့ပါတယ်။ ကိုလံဘီယာမှာ နယ်စပ်ကို ဖြတ်ကျော်ပြီး နိုင်ငံထဲပြန်ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁၀၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဗင်နီဇွဲလားအာဏာပိုင်တွေက တစ်နေ့ကို လူ ၃၀၀ ပဲ နယ်စပ်ဖြတ်ကျော် ပြန်ဝင်ရောက်ခွင့် သတ်မှတ်ထားပါတယ်။ ဒါ့ကြောင့် နယ်စပ်မှာ နိုင်ငံတွင်းပြန်ဝင်ခွင့် မရဘဲ စောင့်နေတဲ့ ရွှေ့ပြောင်းတွေဟာ တစ်ပတ်လောက် မြေကြီးပေါ်မှာပဲ အိပ်ရင်းစောင့်ခဲ့ရတာတွေ ရှိပါတယ်။  ကိုလံဘီယာလူဝင်မှုကြီးကြပ်ရေးဌာနအဆိုအရ မတ်လကနေ မေလအတွင်းမှာပဲ ဗင်နီဇွဲလား နိုင်ငံသား ၆၈,၁၃၅ ဦး ဟာ သူတို့နိုင်ငံကို ပြန်သွားခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
1 year Ago
Up