ကိုလံဘီယာတွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲ၊ ၆ ဦး သေဆုံး

December 6, 2017

ကိုလံဘီယာတွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲ၊ ၆ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံ အလယ်ပိုင်း ကျောက်မီးသွေးတွင်းတခုမှာ ဒီဇင်ဘာလ ၅ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ ကျောက်မီးသွေးတွင်းမှာ မီသိန်းဓာတ်ငွေ့ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ကိုလံဘီယာ အမျိုးသားသတ္တုတူးဖော်ရေး အေဂျင်စီက ဆိုပါတယ်။ နောက်ထပ် ကျောက်မီးသွေးတွင်းလုပ်သား ၃ ဦး ပျောက်ဆုံးနေပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ “စိတ်မကောင်းစရာက ၃ ဦး ပိတ်မိနေတယ်လို့ အတည်ပြုထားပါတယ်။ မီသိန်း ဓာတ်ငွေ့ကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ကျောက်မီးသွေးတွင်း ပြိုကျခဲ့တာပါ” လို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဒါရိုက်တာက ပြောခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ မြို့တော် ဘိုကိုတာ အရှေ့မြောက်ပိုင်း ဘိုယာကာဒေသက ကျောက်မီးသွေးတွင်းမှာ ဖြစ်ပွားခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up