ကိုလံဘီယာတွင်

January 28, 2018

ကိုလံဘီယာတွင် ဗုံးပေါက်ကွဲမှုကြောင့် ရဲအရာရှိ ၄ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံ ဘာရန်ကီယာ ဆိပ်ကမ်းမြို့ရှိ ရဲစခန်းတခု အပြင်ဘက်မှာ ဇန်န၀ါရီလ ၂၇ ရက်နေ့ အစောပိုင်းက ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး ရဲအရာရှိ ၄ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်မှုဟာ ညွှန်ကြားချက်ခံယူဖို့ စုဝေးနေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ တဦးကပြောခဲ့ပါတယ်။ မျက်မြင်တဦးက “ဗုံးပေါက်တာ တော်တော်ပြင်းတယ်။ ကျနော် ရောက်သွားတော့ ခြေပြတ်လက်ပြတ်တွေနဲ့ ထိတ်လန့်စရာကောင်းတယ်။ ကျနော်လည်း ဒဏ်ရာရလူနာတွေကို ကူညီပြီး ထမ်းစင်ပေါ် မတင်ပေးခဲ့ပါတယ်။” လို့ ပြောခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ လူတဦးကို ဖမ်းဆီးထားပြီး အဲဒီလူဟာ ဗုံးဖောက်ခွဲတဲ့ တရားခံဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ ကနဦး စုံစမ်းစစ်ဆေးချက်က ဆိုပါတယ်။ ကိုလံဘီယာ သမ္မတ ဟွမ်မန်နူရယ်ဆန်းတို့စ်က သေဆုံးဒဏ်ရာရခဲ့သူတွေရဲ့ မိသားစုဝင်ထံ ၀မ်းနည်းကြောင်း စာပေးပို့ခဲ့ပြိး အစိုးရအနေနဲ့ တရားခံ အမြန်ဆုံးဖမ်းမိရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တွစ်တာ စာမျက်နှာမှာဖော်ပြခဲ့တယ်။ ကိုလံဘီယာနိုင်ငံဟာ ရာဇ၀တ်ဂိုဏ်း ထူပြောပြီး အဲဒီ ဂိုဏ်းတွေဟာ မူးယစ်ဆေးရောင်းဝယ် ဖောက်ကားမှုတွေနဲ့ ပါဝင်ပတ်သက်မှုရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up