အမေရိကန်ပြည်နယ် ၈ ခုနဲ့ ကိုလံဘီယာခရိုင်မှာ ဇွန်လ ၂ ရက်က အကြိုရွေးကောက်ပွဲ တွေကို ကျင်းပခဲ့ပြီး စိတ်ရှုပ်စရာတွေ၊ စာတိုက်ကနေ ပေးပို့တဲ့ ကြိုတင်မဲ ပျောက်ဆုံးတာတွေနဲ့ မဲရုံတချို့မှာ အကြာကြီးတန်းစီရတာတွေ ရှိခဲ့ပါတယ်။
ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း ရွေးကောက်ပွဲအပေါ် အကြီးမားဆုံး စမ်းသပ်ချက်လည်း ဖြစ်ပါတယ်။
ကပ်ရောဂါ ဖြစ်ပြီးနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်တဲ့ ဒီအကြိုရွေးကောက်ပွဲဟာ နိုဝင်ဘာ ၃ ရက် အထွေထွေရွေးကောက်ပွဲအတွက် စမ်းသပ်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်။
ဇွန်လ ၂ ရက်မှာ ရွေးကောက်ပွဲလုပ်တဲ့ ပြည်နယ်အားလုံးက ကပ်ရောဂါကာလအတွင်း ဘေးကင်းဖို့ စာတိုက်ကနေ မဲပေးတာကို အားပေးခဲ့ပါတယ်။
မဲရုံတာဝန်ရှိသူတွေက မဲရုံဝန်ထမ်းတွေကို မနည်း ကြိုးစားရှာဖွေရတာမို့ ပြည်နယ်အများ စုမှာ လူကိုယ်တိုင်လာရောက် မဲပေးတဲ့ မဲရုံတွေကို သိသိသာသာ လျှော့ချပစ်ခဲ့ပါတယ်။
ဒါကြောင့် မဲပေးရာမှာ ကြန့်ကြာမှု တွေရှိတယ်ဆိုတဲ့ တိုင်ကြားချက်တွေ၊ မဲရုံတွေကို ပေါင်းလိုက်တာကြောင့် ဘယ်မှာ မဲပေးရမလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ ပြည်နယ် အတော်များများ မှာ စာတိုက်ကနေမဲပေးဖို့ ပန်ကြားသူနဲ့ မဲပေးသူအရေအတွက် စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
9 months Ago