ကိုလံဘီယာ

June 16, 2021

ကိုလံဘီယာ စစ်တပ်အခြေစိုက်စခန်းတွင် ကားဗုံးပေါက်ပြီး ၃၆ ဦးဒဏ်ရာရ

ကိုလံဘီယာနိုင်ငံနယ်စပ် ကူကူတာမြို့က စစ်တပ်အခြေစိုက်စခန်းမှာ ကားဗုံးပေါက်လို့ ဇွန်လ ၁၅ ရက်က လူ ၃၆ ယောက် ဒဏ်ရာရတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ လက်ဝဲယိမ်း သူပုန်တွေရဲ့ တိုက်ခိုက်မှုအတွက်လည်း ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ကိုလံဘီယာနဲ့ ဗင်နီဇွဲလား နယ်စပ်နား၊ ကိုလံဘီယာနိုင်ငံရဲ့ အရှေ့မြောက်ဘက် ကူကူတာမြို့က တပ်မဟာ ၃၀ ရဲ့ အခြေစိုက်စခန်းမှာ ပေါက်ကွဲခဲ့လို့ ဒဏ်ရာရသူတယောက် ခွဲစိတ်ကုသခံခဲ့ရပြီး တခြားလူ ၂၉ ယောက်ကိုလည်း ဆေးရုံတင်ထားရပါတယ်။ 

တိုယိုတာ ထရပ်ကားမောင်းလာတဲ့ အမျိုးသား ၂ ယောက်က သူတို့ကိုယ်သူတို့ အရာရှိတွေအဖြစ် စခန်းထဲ မောင်းဝင်လာအပြီး ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

“ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် အရာရှိအများစုက သီးခြားခွဲနေခဲ့ကြတယ်။ မဟုတ်ရင် ဒဏ်ရာရသူ အရေအတွက် ပိုမြင့်နိုင်တယ်”လို့ အဆင့်မြင့်အရာရှိတယောက်က ရိုက်တာကို ပြောပါတယ်။

ကိုလံဘီယာမှာ ၂၀၁၆ တုန်းက ဖှားသူပုန်တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရခဲ့ပေမယ့် အမျိုးသားလွတ်မြောက်ရေးတပ် ELN ပြောက်ကျားတွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မခံတဲ့ ဖှားသူပုန် အဖွဲ့ဝင်ဟောင်းတွေနဲ့ ဆက်ပြီး တိုက်ပွဲဆင်နွှဲ နေရဆဲပါ။

သူတို့တွေအားလုံးဟာ တပ်မဟာ ၃၀ စစ်ဆင်ရေးလုပ်နေတဲ့ နော်တေဒေစန်တန်ဒါ ပြည်နယ်ထဲမှာ ရှိနေပါတယ်။

2 days Ago

June 13, 2021

ကိုလံဘီယာတွင် သတ္တုတွင်းပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံအလယ်ပိုင်းက၊ ဘိုယာကာဒေသမှာ သတ္ထုတွင်းပေါက်ကွဲမှုကြောင့် တွင်းသား ၉ ယောက်သေဆုံးပြီး ၃ ယောက်ကို  အသက်ရှင်လျက် ပြန်ကယ်နိုင်ခဲ့တယ်လို့ ဒေသခံ မီဒီယာက ဇွန် ၁၂ ရက်မှာ ပြောပါတယ်။

ဆိုချာစည်ပင်သာယာဒေသထဲက စန်တာအီနက်စ် သတ္ထုတွင်းမှာ  မြေအောက် မီသိန်းဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် အစောပိုင်းက တွင်းသား ၁၂ ယောက် ပိတ်မိနေခဲ့တာလို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။

ကယ်ဆယ်ရေးသမားတွေက တွင်းထဲက အလောင်းတွေကို သယ်ထုတ်နေပြီး တွင်းထဲမှာ အသက်ရှူလို့ ရအောင် ချပေးတဲ့ လေပိုက်ကနေ တွယ်တက်နိုင်ခဲ့တဲ့ တွင်းသား ၂ယောက် အသက်ရှင်ခဲ့ပါတယ်။ 

5 days Ago
More News
Up