ကိုလူချောအဖွဲ့များ

November 18, 2020

အမေများအဖွဲ့ ၊မမများအဖွဲ့နှင့် ကိုလူချောအဖွဲ့များအား နေခြည်ဦးက ဆန်နှင့်ဆီများ လှူဒါန်း

ဗျူးတီးဘလော့ဂ်ဂါ တယောက်လည်းဖြစ်၊ သရုပ်ဆောင်မင်းသမီးတယောက်လည်း ဖြစ်တဲ့ နေခြည်ဦးက ကိုဗစ်-၁၉ ကပ်ဘေးအကျပ်အတည်းကာလမှာ အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောအဖွဲ့တွေအတွက် ဆန်နဲ့ ဆီတွေ လှူဒါန်းခဲ့ပါတယ်။ ဒီလှူဒါန်းမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။ “သရုပ်ဆောင် နေခြည်ဦးက အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောအဖွဲ့များအား ဆန် ၂၄ ပြည် တအိအိတ်နှင့် ဆီများလှူဒါန်းပါသည်။ ၁၇. ၁၁. ၂၀၂၀” အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး နေခြည်ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ကိုဗစ်-၁၉ ကပ်ဘေးအကျပ်အတည်းကာလမှာ အမေများ အိမ်ရာအတွက် အလှူငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပါသေးတယ်။ သူဟာ BeautyByNayChi အမည်နဲ့ ဗျူးတီးဘလော့ဂ်ဂါတယောက်အနေနဲ့ ဗွီဒီယိုတွေကြောင့် အင်တာနက်လူမှုကွန်ရက်ပေါ် လူသိများ ထင်ရှားလာခဲ့ပြီးနောက်ပိုင်းမှာတော့ သရုပ်ဆောင် မင်းသမီးတလက်အနေနဲ့ပါ လှုပ်ရှားမှုတွေ လုပ်ဆောင်လာနေခဲ့ပြီ ဖြစ်ကာ အချိန်တိုအတွင်းမှာပဲ ပရိသတ်တွေ လက်ခံအားပေးမှုတွေ ရရှိထားတဲ့ သရုပ်ဆောင်တယောက် ဖြစ်လာခဲ့ပါတယ်။        သူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “ရန်သူ”၊ “ဧည့်သည်”၊ “ပုရိသ”၊ “အခမ်းနားဆုံးမေတ္တာ” စတဲ့ ရုပ်ရှင်ကားတွေဟာလည်း ပရိသတ်တွေကြား နေခြည်ဦးရယ်လို့ အသိအမှတ်ပြုကြရတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။
5 months Ago
Up